ဧ​ဖက် 4:14-21 Common Language Bible (BCL)

14. ထို​အ​ခါ​ငါ​တို့​သည်​ပ​ရိ​ယာယ်​ဖြင့်​လူ​တို့​ကို လမ်း​လွဲ​အောင်​လိမ်​လည်​ပြော​ဆို​တတ်​သူ​တို့​၏ သြ​ဝါ​ဒ​လှိုင်း​လုံး​များ​အ​ထဲ​၌ သြ​ဝါ​ဒ​လေ ကြောင်း​ပြောင်း​တိုင်း​လွင့်​ပါ​သွား​သော​က​လေး သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​တော့​မည်​မ​ဟုတ်။-

15. ငါ​တို့​သည်​မေတ္တာ​နှင့်​သမ္မာ​တ​ရား​ကို​ဟော​ပြော သော​အား​ဖြင့် အ​သင်း​တော်​၏​ဦး​ခေါင်း​ဖြစ်​တော် မူ​သော​ခ​ရစ်​တော်​၌​အ​စ​စ​အ​ရာ​ရာ​တွင်​ကြီး ပွား​တိုး​တက်​မှု​ရှိ​ရ​ကြ​ပေ​မည်။-

16. ကိုယ်​တော်​၏​စီ​မံ​အုပ်​ချုပ်​မှု​အောက်​တွင်​ကိုယ်​အင်္ဂါ ရှိ​သ​မျှ​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု​အ​ဆစ်​အ​ပိုင်း များ​ဖြင့်​ဆက်​စပ်​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​ကိုယ် အင်္ဂါ​အ​သီး​သီး​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို​မေတ္တာ​တ​ရား​အား ဖြင့်​တည်​ဆောက်​၍​ကြီး​ပွား​စေ​လေ​သည်။

17. သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​မဲ့​သူ​များ​နည်း တူ​ဆက်​လက်​မ​ကျင့်​ကြံ​ကြ​ရန် သ​ခင်​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ငါ​သ​တိ​ပေး လို​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကား အ​ချည်း​နှီး​သာ​ဖြစ်​သည်။-

18. သူ​တို့​သည်​ဉာဏ်​အ​လင်း​ကွယ်​၍​အ​သိ​တ​ရား လုံး​ဝ​ကင်း​မဲ့​လျက်​ခေါင်း​မာ​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​ချ​မှတ်​ပေး​တော်​မူ​သော​အ​သက်​နှင့် ကင်း​ကွာ​လျက်​ရှိ​ကြ​၏။-

19. ရှက်​ကြောက်​စိတ်​လုံး​ဝ​မ​ရှိ​တော့​သ​ဖြင့်​သူ​တို့ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ကာ ညစ်​ညမ်း​သော​အ​ကျင့် အ​မျိုး​မျိုး​တို့​ကို​အ​ချုပ်​အ​ချယ်​မ​ရှိ​ပြု​ကျင့် ကြ​ပေ​သည်။

20. ခ​ရစ်​တော်​၏​လမ်း​စဉ်​သည်​ထို​လမ်း​စဉ်​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သင်​ကြား​ခဲ့​ကြ​ပြီ။-

21. ကိုယ်​တော်​၏​အ​ကြောင်း​ကို​အ​မှန်​ပင်​သင်​တို့​ကြား​နာ ကြ​ရ​ပြီ။ ကိုယ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သ​ခင် ယေ​ရှု​၏​သမ္မာ​တ​ရား​တော်​အ​ကြောင်း​ကို​သင်​ကြား ခဲ့​ကြ​ပြီ။-

ဧ​ဖက် 4