ဧ​ဖက် 4:1-9 Common Language Bible (BCL)

1. သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို ဆောင်​ရွက်​သော​ကြောင့် အ​ကျဉ်း​ခံ​ရ​သူ​ငါ သည်​သင်​တို့​အား​နှိုး​ဆော်​ပါ​၏။ သင်​တို့ သည်​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော် မူ​ခြင်း​ကို​ခံ​ရ​သည်​နှင့်​အ​ညီ​ကျင့်​ကြံ ပြု​မူ​ကြ​လော့။-

2. အ​စဉ်​စိတ်​နှ​လုံး​နှိမ့်​ချ​ကြ​လော့။ သိမ်​မွေ့ နူး​ညံ့​ကြ​လော့။ စိတ်​ရှည်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​သည်း​ခံ​ခြင်း​အား​ဖြင့်​မေတ္တာ​ပြ ကြ​လော့။-

3. သင်​တို့​အား​စည်း​လုံး​စေ​သော​ငြိမ်​သက်​ခြင်း အား​ဖြင့် ဝိ​ညာဉ်​တော်​က​ပေး​သော​စည်​လုံး​ညီ ညွတ်​မှု​ကို​အ​စွမ်း​ကုန်​ထိန်း​သိမ်း​ကြ​လော့။-

4. သင်​တို့​အား​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ တော်​မူ​ခြင်း​ကြောင့်​မျှော်​လင့်​ခြင်း​တစ်​ပါး တည်း​ရှိ​သ​ကဲ့​သို့​ကိုယ်​ခန္ဓာ​တော်​တစ်​ပါး တည်း၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။-

5. သ​ခင်​တစ်​ပါး​တည်း၊ ယုံကြည်​ခြင်း​တစ်​ပါး​တည်း၊ ဗတ္တိ​ဇံ​တစ်​ပါး​တည်း၊-

6. လူ​သား​အ​ပေါင်း​တို့​၏​အ​ဖ​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။ ထို​ဘု​ရား​သ​ခင်​သည် လူ​ခပ်​သိမ်း​တို့​ကို​အုပ်​စိုး​တော်​မူ​၍ လူ​ခပ်​သိမ်း တို့​အား​ဖြင့်​လုပ်​ဆောင်​တော်​မူ​လျက်​လူ​ခပ်​သိမ်း တို့​အ​ထဲ​တွင်​ရှိ​တော်​မူ​၏။

7. ခ​ရစ်​တော်​ချ​ပေး​တော်​မူ​သည်​အ​တိုင်း​ငါ​တို့ တစ်​ဦး​စီ​သည်​ထူး​မြတ်​သည့်​ဆု​ကျေး​ဇူး​ကို ခံ​စား​ကြ​ရ​ပေ​သည်။-

8. ကျမ်း​စာ​လာ​သည်​အ​တိုင်း၊``ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​သို့ တက်​ကြွ​တော်​မူ​သော​အ​ခါမိ​မိ​နှင့်​အ​တူ​သုံ့​ပန်း​အ​မြောက်​အ​မြား​ကို ခေါ်​ဆောင်​သွား​တော်​မူ​၏။လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​၏။''

9. ကိုယ်​တော်​တက်​ကြွ​တော်​မူ​သည်​ဆို​ရာ​၌ အ​ဘယ် ကို​ဆို​လို​ပါ​သ​နည်း။ ကိုယ်​တော်​သည်​အ​နိမ့်​ဆုံး အ​ရပ်​မြေ​ကြီး​သို့ ဦး​စွာ​ဆင်း​သက်​တော်​မူ​သည် ဟု​ဆို​လို​ပေ​သည်။-

ဧ​ဖက် 4