10. ဤသို့ပြုတော်မူခြင်းမှာကောင်းကင်လောက ကိုအစိုးရသူများနှင့်အာဏာပိုင်များသည် ကိုယ်တော်၏အထူးထူးအပြားပြားသော ဉာဏ်ပညာတော်ကို ယခုအခါ၌အသင်း တော်အားဖြင့်သိလာကြစေရန်ပင်ဖြစ် ပေသည်။-
11. ဘုရားသခင်သည်မိမိ၏ထာဝရအကြံ အစည်တော်နှင့်အညီ ငါတို့အရှင်ခရစ် တော်ယေရှုအားဖြင့်ယင်းသို့စီမံတော်မူ သတည်း။-
12. ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့်လည်းကောင်း၊ ထိုသခင်ကို ယုံကြည်ခြင်းဖြင့်လည်းကောင်း ဘုရားသခင် ထံတော်သို့ရဲဝံ့ယုံကြည်စိတ်ချစွာချဉ်းကပ် ခွင့်ကိုရရှိကြ၏။-
13. သို့ဖြစ်၍သင်တို့အတွက်ငါခံရသောဒုက္ခ ဆင်းရဲခြင်းကြောင့်သင်တို့စိတ်မပျက်ကြ နှင့်။ သင်တို့၏အကျိုးအတွက်ငါခံရခြင်း ဖြစ်ပေသည်။
16. ကိုယ်တော်သည်ဘုန်းအသရေတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား စိတ်ဋ္ဌာတ်ကြံ့ခိုင်လာစေစိမ့်သောငှာဝိညာဉ် တော်အားဖြင့်တန်ခိုးစွမ်းရည်ကိုပေးသနား တော်မူရန်ငါသည်ဆုတောင်းပတ္ထနာပြု၏။-
19. ကိုယ်တော်၏မေတ္တာတော်ကိုအဘယ်အခါ၌ မျှအပြည့်အဝနားလည်နိုင်မည်မဟုတ်သော် လည်း သင်တို့သည်ထိုမေတ္တာတော်ကိုသိရှိနား လည်လာကြသဖြင့် ဘုရားသခင်ပြည့်စုံသည် နှင့်အမျှပြည့်စုံစေတော်မူရန်ဆုတောင်းပတ္ထ နာပြု၏။