ဧ​ဖက် 3:7-19 Common Language Bible (BCL)

7. တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့်​ငါ့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော​အ​ထူး ဆု​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ငါ​သည်​သ​တင်း ကောင်း​ကို​ကြေ​ညာ​သူ​ဖြစ်​လာ​၏။-

8. ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင်​အ​သိမ် ငယ်​ဆုံး​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ခ​ရစ်​တော်​၏​အ​တိုင်း​မ​သိ​ကြွယ်​ဝ​ချမ်း​သာ ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​လူ​မျိုး​ခြား တို့​အား​ဟော​ပြော​ကြေ​ညာ​ရန်​နှင့်၊-

9. ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ကြံ​အ​စည် တော်​သည်​အ​ဘယ်​သို့​အ​ကောင်​အ​ထည်​ပေါ် လာ​မည်​ကို လူ​အ​ပေါင်း​တို့​အား​ရှင်း​လင်း ဖော်​ပြ​ရန်​အ​ခွင့်​ထူး​ကို​ငါ့​အား​ပေး​သ​နား တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ အ​ဆက်​ဆက်​က​ထို​အ​ကြံ​အ​စည်​တော် ကို​ကွယ်​ဝှက်​၍​ထား​တော်​မူ​ခဲ့​၏။-

10. ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကောင်း​ကင်​လော​က ကို​အ​စိုး​ရ​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ​သည် ကိုယ်​တော်​၏​အ​ထူး​ထူး​အ​ပြား​ပြား​သော ဉာဏ်​ပ​ညာ​တော်​ကို ယ​ခု​အ​ခါ​၌​အ​သင်း တော်​အား​ဖြင့်​သိ​လာ​ကြ​စေ​ရန်​ပင်​ဖြစ် ပေ​သည်။-

11. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ထာ​ဝ​ရ​အ​ကြံ အ​စည်​တော်​နှင့်​အ​ညီ ငါ​တို့​အ​ရှင်​ခ​ရစ် တော်​ယေ​ရှု​အား​ဖြင့်​ယင်း​သို့​စီ​မံ​တော်​မူ သ​တည်း။-

12. ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ထံ​တော်​သို့​ရဲ​ဝံ့​ယုံ​ကြည်​စိတ်​ချ​စွာ​ချဉ်း​ကပ် ခွင့်​ကို​ရ​ရှိ​ကြ​၏။-

13. သို့​ဖြစ်​၍​သင်​တို့​အ​တွက်​ငါ​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကြောင့်​သင်​တို့​စိတ်​မ​ပျက်​ကြ နှင့်။ သင်​တို့​၏​အ​ကျိုး​အ​တွက်​ငါ​ခံ​ရ​ခြင်း ဖြစ်​ပေ​သည်။

16. ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား စိတ်​ဋ္ဌာတ်​ကြံ့​ခိုင်​လာ​စေ​စိမ့်​သော​ငှာ​ဝိ​ညာဉ် တော်​အား​ဖြင့်​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​သ​နား တော်​မူ​ရန်​ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-

19. ကိုယ်​တော်​၏​မေတ္တာ​တော်​ကို​အ​ဘယ်​အ​ခါ​၌ မျှ​အ​ပြည့်​အ​ဝ​နား​လည်​နိုင်​မည်​မ​ဟုတ်​သော် လည်း သင်​တို့​သည်​ထို​မေတ္တာ​တော်​ကို​သိ​ရှိ​နား လည်​လာ​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​ပြည့်​စုံ​သည် နှင့်​အ​မျှ​ပြည့်​စုံ​စေ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။

ဧ​ဖက် 3