ဧ​ဖက် 3:1-9 Common Language Bible (BCL)

1. ဤ​အ​ကြောင်း​ကြောင့်​ခ​ရစ်​တော်​ယေ​ရှု​၏ အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​ပေါ​လု​သည်​သင်​တို့ လူ​မျိုး​ခြား​များ​၏​အ​တွက် ဘု​ရား​သ​ခင်​ထံ တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-

2. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကျေး​ဇူး​တော် ကြောင့်​သင်​တို့​အ​ကျိုး​ငှာ​ဤ​အ​မှု​ကို​ဆောင် ရွက်​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​ကြောင်း​သင် တို့​အ​မှန်​ပင်​ကြား​သိ​ကြ​ပြီး​ဖြစ်​သည်။-

3. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ့​အား​ဖွင့်​ပြ​တော်​မူ​၏။ (ဤ အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍​သင်​တို့​အား အ​ကျဉ်း​အား​ဖြင့်​ငါ​ဖော်​ပြ​ခဲ့​ပြီး​ပေ​ပြီ။-

4. သင်​တို့​သည်​ထို​ဖော်​ပြ​ချက်​ကို​ဖတ်​ရှု​ခြင်း အား​ဖြင့်​ခ​ရစ်​တော်​၏​နက်​နဲ​သည့်​အ​ရာ​ကို ငါ​သိ​ရှိ​နား​လည်​ကြောင်း​သိ​မြင်​နိုင်​ကြ​၏။-)

5. ဘု​ရား​သ​ခင်​သည်​ထို​နက်​နဲ​သော​အ​ရာ​ကို ယ​ခင်​ခေတ်​အ​ခါ​များ​က​လူ​သား​တို့​အား ဖွင့်​ပြ​တော်​မ​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ ၌​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သူ​တ​မန် တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား​ဝိ​ညာဉ် တော်​အား​ဖြင့်​ဖွင့်​ပြ​တော်​မူ​လေ​ပြီ။-

6. ထို​နက်​နဲ​သော​အ​ရာ​ကား​သ​တင်း​ကောင်း အား​ဖြင့် လူ​မျိုး​ခြား​တို့​သည်​ယု​ဒ​အ​မျိုး သား​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ သူ​တို့ သည်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​၍​ခ​ရစ်​တော် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​က​တိ​တော်​ကို​ပါ​ဝင်​ခံ​စား​ခွင့်​ရ​ရှိ ကြ​၏။

7. တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့်​ငါ့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော​အ​ထူး ဆု​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ငါ​သည်​သ​တင်း ကောင်း​ကို​ကြေ​ညာ​သူ​ဖြစ်​လာ​၏။-

8. ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင်​အ​သိမ် ငယ်​ဆုံး​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ခ​ရစ်​တော်​၏​အ​တိုင်း​မ​သိ​ကြွယ်​ဝ​ချမ်း​သာ ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​လူ​မျိုး​ခြား တို့​အား​ဟော​ပြော​ကြေ​ညာ​ရန်​နှင့်၊-

9. ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ကြံ​အ​စည် တော်​သည်​အ​ဘယ်​သို့​အ​ကောင်​အ​ထည်​ပေါ် လာ​မည်​ကို လူ​အ​ပေါင်း​တို့​အား​ရှင်း​လင်း ဖော်​ပြ​ရန်​အ​ခွင့်​ထူး​ကို​ငါ့​အား​ပေး​သ​နား တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ အ​ဆက်​ဆက်​က​ထို​အ​ကြံ​အ​စည်​တော် ကို​ကွယ်​ဝှက်​၍​ထား​တော်​မူ​ခဲ့​၏။-

14-15. ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ကောင်း​ကင်​ဘုံ​နှင့် ကမ္ဘာ​မြေ​ပေါ်​ရှိ​အိမ်​ထောင်​စု​မှန်​သ​မျှ​တို့​၏ အ​မည်​နာ​မ​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​သော အ​ဖ​ခ​မည်း​တော်​၏​ရှေ့​တော်​တွင်​ဒူး​ထောက် လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-

17-18. သင်​တို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခ​ရစ်​တော်​သည် သင်​တို့​စိတ်​နှ​လုံး​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန်​ငါ ဆု​တောင်း​၏။ သင်​တို့​သည်​ခ​ရစ်​တော်​၏​မေတ္တာ တော်​အ​လျား၊ အ​နံ၊ အ​မြင့်၊ အ​နက်​တို့​ကို ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ နှင့်​အ​တူ​သိ​ရှိ​နား​လည်​နိုင်​ကြ​မည့်​အ​ကြောင်း မေတ္တာ​တော်​တွင်​အ​ခြေ​ခံ​အ​မြစ်​စွဲ​လျက်​ရှိ ကြ​စေ​ရန်​ကို​လည်း​ငါ​သည်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။-

20-21. ငါ​တို့​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​သော တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက် ကြံ​စည်​သ​မျှ​သော​အ​ရာ​တို့​ထက်​သာ​လွန် ပို​မို​၍​ချ​ပေး​တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင် သည် အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။

ဧ​ဖက် 3