1. ဤအကြောင်းကြောင့်ခရစ်တော်ယေရှု၏ အကျဉ်းသားဖြစ်သူငါပေါလုသည်သင်တို့ လူမျိုးခြားများ၏အတွက် ဘုရားသခင်ထံ တော်သို့ဆုတောင်းပတ္ထနာပြု၏။-
2. ဘုရားသခင်သည်မိမိ၏ကျေးဇူးတော် ကြောင့်သင်တို့အကျိုးငှာဤအမှုကိုဆောင် ရွက်ရန် ငါ့အားပေးအပ်တော်မူကြောင်းသင် တို့အမှန်ပင်ကြားသိကြပြီးဖြစ်သည်။-
14-15. ဤအကြောင်းကြောင့်ငါသည်ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ရှိအိမ်ထောင်စုမှန်သမျှတို့၏ အမည်နာမအရင်းအမြစ်ဖြစ်တော်မူသော အဖခမည်းတော်၏ရှေ့တော်တွင်ဒူးထောက် လျက်ဆုတောင်းပတ္ထနာပြု၏။-
17-18. သင်တို့ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည် သင်တို့စိတ်နှလုံးတွင်ကျိန်းဝပ်တော်မူရန်ငါ ဆုတောင်း၏။ သင်တို့သည်ခရစ်တော်၏မေတ္တာ တော်အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ နှင့်အတူသိရှိနားလည်နိုင်ကြမည့်အကြောင်း မေတ္တာတော်တွင်အခြေခံအမြစ်စွဲလျက်ရှိ ကြစေရန်ကိုလည်းငါသည်ဆုတောင်းပတ္ထ နာပြု၏။-