11. ဇာတိအလျောက်လူမျိုးခြားဖြစ်ကြသောသင် တို့အား အရေဖျားလှီးမင်္ဂလာမခံသူများဟု ယုဒအမျိုးသားများကခေါ်ကြ၏။ ယုဒ အမျိုးသားများက မိမိတို့ကိုယ်ကိုအရေ ဖျားလှီးမင်္ဂလာခံသူများဟုခေါ်ကြ၏။ (အရေဖျားလှီးမင်္ဂလာဟုဆိုရာ၌ကိုယ် ကာယနှင့်ဆိုင်သောအမှုဖြစ်သည်။) အထက် ကသင်တို့၏အခြေအနေကိုသတိရ ကြလော့။-
12. ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-
13. သို့ရာတွင်ယခုအခါ၌ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီဖြစ်သဖြင့် ယခင် ကဝေးလျက်နေခဲ့ကြသောသင်တို့သည်ခရစ် တော်အသေခံတော်မူခြင်းကြောင့် အပါးတော် သို့ရောက်ကြရလေပြီ။-
14. ခရစ်တော်သည်ယုဒအမျိုးသားများနှင့်လူ မျိုးခြားတို့ကို လူမျိုးတစ်မျိုးတည်းဖြစ်စေ တော်မူလျက် ငါတို့အားရန်ငြိမ်းမှုကိုပေးတော် မူ၏။ ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်အား ဖြင့် ငါတို့အားရန်သူများအဖြစ်ပိုင်းခြား ထားသည့်တံတိုင်းကိုဖြိုဖျက်တော်မူ၏။-