2. ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကို သင်တို့ခံစားရပါစေသတည်း။
3. ငါတို့သခင်ယေရှု၏ခမည်းတော်ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြကုန် စို့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းကင်လောကဆိုင်ရာဝိညာဉ်ကောင်း ချီးမင်္ဂလာအပေါင်းကို ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သူငါတို့အား ပေးသနားတော်မူသောကြောင့်တည်း။-
4. ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်ရှေ့တော်တွင်အပြစ် ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများ ဖြစ်နိုင်ကြစေရန်ကမ္ဘာမတည်မရှိမီ ကပင်ငါတို့ကိုဘုရားသခင်ရွေးချယ် ထားတော်မူပေသည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ကြောင့်၊-
5. ငါတို့ကိုကိုယ်တော်၏သားများဖြစ်စေရန် ယေရှုခရစ်အားဖြင့်ရွေးကောက်တော်မူပြီး ဖြစ်သည်။ ဤကားကိုယ်တော်၏အလိုတော် နှင့်အကြံအစည်တော်ပင်ဖြစ်ပေသည်။-
6. ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော် အားဖြင့် ငါတို့အားအခမဲ့ပေးသနားတော် မူသည့်ဘုန်းအသရေနှင့်ပြည့်စုံသောကျေးဇူး တော်အတွက် ငါတို့သည်ဘုရားသခင်အား ထောမနာပြုကြကုန်အံ့။
9. မိမိရည်ရွယ်ချက်အတိုင်းပြုတော်မူ၏။ ခရစ်တော်အားဖြင့်နက်နဲသောအကြံ အစည်တော်ကိုငါတို့အားသိစေတော်မူပြီ။-
10. ဤအကြံအစည်တော်ကားအချိန်တန်သော အခါခရစ်တော်အားဦးစီးခေါင်းဆောင်ပြုစေ လျက် မိုးမြေ၌ရှိသမျှသောအဖန်ဆင်းခံတို့ ကိုစုပေါင်းစေရန်ပင်ဖြစ်သတည်း။
11. ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-
12. သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
13. သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။-