10. ဤအကြံအစည်တော်ကားအချိန်တန်သော အခါခရစ်တော်အားဦးစီးခေါင်းဆောင်ပြုစေ လျက် မိုးမြေ၌ရှိသမျှသောအဖန်ဆင်းခံတို့ ကိုစုပေါင်းစေရန်ပင်ဖြစ်သတည်း။
11. ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-
12. သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
13. သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။-
14. ဝိညာဉ်တော်သည်ဘုရားသခင်၏လူစုတော် အားကတိထားတော်မူသည့်အတိုင်း ငါတို့ ခံစားရမည်ဖြစ်ကြောင်းအာမခံချက်ဖြစ် တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်မိမိ ပိုင်တော်မူသောသူတို့အား လုံးဝလွတ်မြောက် စေတော်မူမည်ဖြစ်ကြောင်းငါတို့ယုံကြည် စိတ်ချနိုင်ပေသည်။ ငါတို့သည်ကိုယ်တော် ၏ဘုန်းအသရေတော်ကိုချီးကူး ထောမနာပြုကြကုန်စို့။
15-16. ထို့ကြောင့်သင်တို့သည်သခင်ယေရှုကိုယုံ ကြည်ခြင်း၊ ဘုရားသခင်၏လူစုတော်အား ချစ်ခြင်းအကြောင်းကိုကြားသိရသည့် အခါမှစ၍ ငါသည်သင်တို့ကိုအကြောင်း ပြု၍အစဉ်မပြတ်ကျေးဇူးတော်ကို ချီးမွမ်း၏။ သင်တို့အတွက်ဆုတောင်း ပတ္ထနာပြုလျက်နေ၏။-
17. သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။-
18-19. ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-
20. ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ကောင်းကင်လောကတွင်မိမိ ၏လက်ယာတော်ဘက်၌စံမြန်းစေတော် မူသောအခါက ဘုရားသခင်အသုံးပြု တော်မူခဲ့သည့်တန်ခိုးတော်ပင်ဖြစ်သတည်း။-
21. ထိုကောင်းကင်လောကတွင်ခရစ်တော်သည် ကောင်းကင်လောကကိုအစိုးရသူများ၊ အာ ဏာပိုင်များ၊ တန်ခိုးရှင်များနှင့်အရှင်သခင် အပေါင်းတို့၏အထွတ်အထိပ်အဖြစ်ဖြင့် အုပ်စိုးတော်မူ၏။ ကိုယ်တော်၏နာမတော် သည်မျက်မှောက်လောကနှင့်အနာဂတ် လောက၌ ခေါ်ဝေါ်သမုတ်နိုင်သောအထွတ် အထိပ်ဘွဲ့နာမအပေါင်းတို့ထက်ကြီး မြတ်တော်မူပေသည်။-
22. ဘုရားသခင်သည်ခပ်သိမ်းသောအရာတို့ကို ခရစ်တော်၏ခြေဖဝါးတော်အောက်တွင်ချ ထား၍ ကိုယ်တော်အားအသင်းတော်အဖို့ အထွတ်အထိပ်အရှင်သခင်အဖြစ်ဖြင့် ခန့်ထားတော်မူ၏။-
23. ထိုအသင်းတော်ကားအလုံးစုံတို့ကိုပြည့်ဝ စုံလင်စေတော်မူသောသူပြည့်ဝစုံလင်ခြင်း တည်းဟူသောခရစ်တော်၏ကိုယ်ခန္ဓာဖြစ် သတည်း။