14. အကျွန်ုပ်တို့သည်ကိုယ်တော်၏ပညတ်တော် တို့ကိုတစ်ဖန်လျစ်လူရှုလျက် ဤယုတ်မာသူ များနှင့်ထိမ်းမြားစုံဖက်ကြလျှင် ကိုယ်တော် သည်အကျွန်ုပ်တို့အားအမျက်ပြင်းစွာထွက် တော်မူသဖြင့် တစ်ယောက်မျှမကျန်အောင် သုတ်သင်ဖျက်ဆီးပစ်တော်မူမည်မဟုတ် ပါလော။-
15. အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ဖြောင့်မတ်တော် မူသောအရှင်ဖြစ်တော်မူပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန်ုပ်တို့အားအသက်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်တို့သည် မိမိတို့၏အပြစ်ကိုဖော်ပြဝန်ခံကြပါ၏။ ဤအပြစ်ကြောင့်ရှေ့တော်မှောက်သို့ ဝင်ရောက် နိုင်သူတစ်ယောက်မျှမရှိပါ'' ဟုတောင်း လျှောက်လေ၏။