1. ဤအမှုကိစ္စအပေါင်းကိုဆောင်ရွက်၍ပြီးသော အခါ ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍``ပြည်သူများ၊ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်များသည် မိမိ တို့ပတ်ဝန်းကျင်တွင် ရှိသည့်အမ္မုန်ပြည်၊ မောဘ ပြည်၊ အီဂျစ်ပြည်တို့မှလူများနှင့်လည်းကောင်း၊ ခါနာနိ၊ ဟိတ္တိအမျိုးသားများ၊ ဖေရဇိအမျိုး သား၊ ယေဗုသိအမျိုးသားများ၊ အာမောရိ အမျိုးသားများနှင့်လည်းကောင်း ကင်းရှင်း စွာမနေကြ။ သူတို့သည်ထိုသူတို့ပြုကျင့် သည့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသောအမှု တို့ကိုပြုကျင့်ကြပါ၏။-
10-12. ``သို့ရာတွင် အို ဘုရားသခင်၊ ထိုသို့ကျေးဇူး တော်ကိုခံစားရပြီးမှ အကျွန်ုပ်တို့သည် အဘယ်သို့လျှောက်ထားနိုင်ကြပါမည်နည်း။ ကိုယ်တော်က`သင်တို့သိမ်းပိုက်လတ္တံ့သောပြည် သည်ညစ်ညမ်းသည်။ ပြည်သူပြည်သားတို့သည် ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်အကျင့်ဆိုးများဖြင့် ပြည့်နှက်စေလေပြီ။ သင်တို့သည်ထိုပြည် ထွက်အသီးအနှံများကိုဝစွာစားသုံးကာ ထိုပြည်ကိုလည်းမိမိတို့သားမြေးများ လက်သို့ထာဝစဉ်အပ်နှံလိုကြပါက ထို ပြည်သူပြည်သားတို့နှင့်အဘယ်အခါ၌ မျှထိမ်းမြားစုံဖက်မှုမပြုကြနှင့်။ သူတို့ ၏ကြီးပွားတိုးတက်ရေးအတွက်အဘယ် အခါ၌မျှ အကူအညီမပေးကြနှင့်' ဟုကိုယ်တော်၏အစေခံပရောဖက်များ အားဖြင့် ပေးတော်မူသောအမိန့်တော်တို့ကို အကျွန်ုပ်တို့မနာခံကြပါ။-