31. ပထမလတစ်ဆယ့်နှစ်ရက်နေ့၌ ငါတို့သည် အဟာဝတူးမြောင်းမှ ယေရုရှလင်မြို့သို့ ထွက်ခွာလာကြ၏။ ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၍ ငါတို့အား ရန်သူ့ဘေးမှလည်းကောင်း၊ ခြုံခိုတိုက်ခိုက် မှုမှလည်းကောင်းကာကွယ်စောင့်ရှောက် တော်မူ၏။-
32. ယေရုရှလင်မြို့သို့ရောက်သောအခါငါတို့ သည် သုံးရက်တိုင်တိုင်နားနေကြ၏။-
33. ထိုနောက်စတုတ္ထနေ့၌ဗိမာန်တော်သို့သွား၍ ရွှေငွေနှင့်အသုံးအဆောင်များကိုချိန်တွယ် ကာ ဥရိယ၏သားယဇ်ပုရောဟိတ်မေရမုတ် လက်သို့ပေးအပ်ကြ၏။ သူနှင့်အတူဖိနဟတ် ၏သား ဧလာဇာနှင့်လေဝိအနွယ်ဝင်နှစ်ဦး ဖြစ်ကြသော ယောရှု၏သားယောဇဗဒ်နှင့် ဗိနွိ၏သားနောဒိတို့လည်းရှိကြ၏။-
34. ငါတို့သည်ပစ္စည်းရှိသမျှကိုရေတွက်ချိန် တွယ်ကြ၏။ တစ်ချိန်တည်းမှာပင်စာရင်းမှတ် ယူကြ၏။
35. ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားမီးရှို့ဆက်သရန် ပူဇော် သကာများကိုယူလာကြ၏။ ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် နွားတစ်ဆယ့် နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုး သားငယ်ခုနစ်ဆယ့်ခုနစ်ကောင်ကိုပူဇော် ကြ၏။ ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုလည်း အပြစ် ဖြေရာယဇ်အဖြစ်ပူဇော်ကြ၏။ ဤတိရစ္ဆာန် အားလုံးကိုထာဝရဘုရားအား မီးရှို့ရာ သကာအဖြစ်ပူဇော်ကြလေသည်။-
36. လူတို့သည်မိမိတို့အားမင်းကြီးပေးအပ် လိုက်သည့်အမိန့်တော်စာကို ဥဖရတ်မြစ်ကြီး အနောက်ဘက်ပြည်နယ် ဘုရင်ခံများနှင့် အရာရှိများအားပေးအပ်ကြသောအခါ သူတို့သည်ပြည်သူများနှင့်ဗိမာန်တော် ဝတ်ပြုကိုးကွယ်မှုကိုအားပေးကူညီကြ ကုန်၏။