24. ငါသည်ယဇ်ပုရောဟိတ်အကြီးအကဲများ အနက် ရှေရဘိ၊ ဟာရှဘိနှင့်အခြားဆယ် ဦးတို့ကိုရွေးချယ်ပြီးလျှင်၊-
25. ဗိမာန်တော်တွင်အသုံးပြုရန်မင်းကြီးနှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အရာရှိ များနှင့် ဣသရေလအမျိုးသားတို့ပေး လှူကြသောရွှေငွေနှင့်အသုံးအဆောင် များကိုချိန်တွယ်၍ ထိုယဇ်ပုရောဟိတ်တို့ အားပေးအပ်လိုက်၏။-
26-27. ငါပေးအပ်သည့်ပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်သည်။ငွေ ၂၅ တန်၊ငွေအသုံးအဆောင် ၁၀၀ငွေသားပေါင် ၁၅၀ရွှေပေါင် ၇၅၀၀ရွှေဖလား၂၀ ခွက်ရွှေချိန် ၂၇၀ အောင်စ။ရွှေဖလားနှင့်တန်ဖိုးညီမျှသည့်ကြေးဝါစစ် ဖလား ၂ လုံး
28. ငါသည်ယဇ်ပုရောဟိတ်တို့အား``သင်တို့သည် ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား အဖို့ သီးသန့်သူများဖြစ်ကြသကဲ့သို့ ကိုယ် တော်အားစေတနာအလျောက် ပေးလှူသော ရွှေငွေအသုံးအဆောင်များသည်လည်း သီး သန့်သောဝတ္ထုပစ္စည်းဖြစ်သည်။-