ဧ​ဇ​ရ 8:21-32 Common Language Bible (BCL)

21. ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခ​ရီး​ပြု​ရာ​တွင် ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​၍​ငါ​တို့​နှင့်​တ​ကွ သား​သ​မီး​များ​နှင့်​ပစ္စည်း​ဥစ္စာ​များ​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​စိမ့်​သော​ငှာ ငါ​တို့​ရှိ​သ​မျှ သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​နှိမ့်​ချ လျက် အ​စာ​ရှောင်​ကြ​ရန်​ထို​အ​ဟာ​ဝ​တူး မြောင်း​အ​နီး​တွင် ငါ​အ​မိန့်​ထုတ်​ပြန်​ခဲ့​၏။-

22. ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။-

23. ထို့​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကာ​ကွယ် စောင့်​ရှောက်​မှု​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ​ရန် အ​စာ ရှောင်​လျက်​အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ရ​၏။ ကိုယ်​တော်​သည်​ငါ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။

24. ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ အ​နက် ရှေ​ရ​ဘိ၊ ဟာ​ရှ​ဘိ​နှင့်​အ​ခြား​ဆယ် ဦး​တို့​ကို​ရွေး​ချယ်​ပြီး​လျှင်၊-

25. ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​မင်း​ကြီး​နှင့် သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ်​များ၊ အ​ရာ​ရှိ များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပေး လှူ​ကြ​သော​ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင် များ​ကို​ချိန်​တွယ်​၍ ထို​ယဇ်​ပု​ရော​ဟိတ်​တို့ အား​ပေး​အပ်​လိုက်​၏။-

26-27. ငါ​ပေး​အပ်​သည့်​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ငွေ ၂၅ တန်၊ငွေ​အ​သုံး​အ​ဆောင် ၁၀၀ငွေ​သား​ပေါင် ၁၅၀ရွှေ​ပေါင် ၇၅၀၀ရွှေ​ဖ​လား၂၀ ခွက်ရွှေ​ချိန် ၂၇၀ အောင်​စ။ရွှေ​ဖ​လား​နှင့်​တန်​ဖိုး​ညီ​မျှ​သည့်​ကြေး​ဝါ​စစ် ဖ​လား ၂ လုံး

28. ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား``သင်​တို့​သည် ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ဖို့ သီး​သန့်​သူ​များ​ဖြစ်​ကြ​သ​ကဲ့​သို့ ကိုယ် တော်​အား​စေ​တ​နာ​အ​လျောက် ပေး​လှူ​သော ရွှေ​ငွေ​အ​သုံး​အ​ဆောင်​များ​သည်​လည်း သီး သန့်​သော​ဝတ္ထု​ပစ္စည်း​ဖြစ်​သည်။-

29. သင်​တို့​သည်​ဗိ​မာန်​တော်​သို့​မ​ရောက်​မ​ချင်း ထို​ပစ္စည်း​များ​ကို​စောင့်​ထိန်း​လျက် ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ခန်း​များ​တွင် ချိန်​တွယ်​၍ ယဇ်​ပု​ရော​ဟိတ်​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​ခေါင်း​ဆောင်​များ၊ ယေ​ရု​ရှ​လင် မြို့​ရှိ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​လက်​သို့​ပေး​အပ်​ကြ​လော့'' ဟု​မှာ ထား​၏။-

30. သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ အ​နွယ်​ဝင်​များ​သည်​ရွှေ​ငွေ​နှင့်​အ​သုံး အ​ဆောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော် သို့​ပို့​ဆောင်​ရန်​တာ​ဝန်​ယူ​ကြ​လေ​သည်။

31. ပ​ထ​မ​လ​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ငါ​တို့​သည် အ​ဟာ​ဝ​တူး​မြောင်း​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ထွက်​ခွာ​လာ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ငါ​တို့​အား ရန်​သူ့​ဘေး​မှ​လည်း​ကောင်း၊ ခြုံ​ခို​တိုက်​ခိုက် မှု​မှ​လည်း​ကောင်း​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​၏။-

32. ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ​ငါ​တို့ သည် သုံး​ရက်​တိုင်​တိုင်​နား​နေ​ကြ​၏။-

ဧ​ဇ​ရ 8