20. ထို့ပြင်လေဝိအနွယ်ဝင်များကိုကူညီရန် ဒါဝိဒ်မင်းနှင့်မှူးမတ်တော်များစီမံခဲ့သည့် ဗိမာန်တော်အလုပ်သမားနှစ်ရာ့နှစ်ဆယ် တို့လည်းပါလာလေသည်။ သူတို့အားလုံး ၏နာမည်များကိုစာရင်းသွင်းထားသတည်း။
21. ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
22. ငါတို့၏ဘုရားသခင်သည်ကိုယ်တော်အား ယုံကြည်ကိုးစားကြသူအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၍ ကိုယ်တော်အား ကျောခိုင်းကြသူတို့ကိုမူနှစ်သက်တော် မမူဘဲ အပြစ်ဒဏ်ခတ်တော်မူတတ်ကြောင်း မင်းကြီးအားလျှောက်ထားခဲ့၏။ သို့ဖြစ်၍ ငါသည်ခရီးလမ်းတွင် ရန်သူများ၏ဘေး မှကာကွယ်စောင့်ရှောက်ရန်အတွက် သူ၏ ထံမှမြင်းတပ်အကူအညီကိုတောင်းခံ ရမည်မှာရှက်စရာပင်ဖြစ်ပေသည်။-
23. ထို့ကြောင့်ငါတို့သည်ဘုရားသခင်၏ကာကွယ် စောင့်ရှောက်မှုကိုခံယူရရှိကြစေရန် အစာ ရှောင်လျက်အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြရ၏။ ကိုယ်တော်သည်ငါတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မူ၏။
24. ငါသည်ယဇ်ပုရောဟိတ်အကြီးအကဲများ အနက် ရှေရဘိ၊ ဟာရှဘိနှင့်အခြားဆယ် ဦးတို့ကိုရွေးချယ်ပြီးလျှင်၊-
25. ဗိမာန်တော်တွင်အသုံးပြုရန်မင်းကြီးနှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အရာရှိ များနှင့် ဣသရေလအမျိုးသားတို့ပေး လှူကြသောရွှေငွေနှင့်အသုံးအဆောင် များကိုချိန်တွယ်၍ ထိုယဇ်ပုရောဟိတ်တို့ အားပေးအပ်လိုက်၏။-