2-14. ဖိနဟတ်သားချင်းစုမှဂေရရှုံဣသမာ သားချင်းစုမှဒံယေလဒါဝိဒ်သားချင်းစုမှရှေခနိတ်သားဟတ္တုတ်ဖာရုတ်၏သားချင်းစုမှဇာခရိနှင့်သူ၏ အနွယ်ဝင်ယောကျာ်း ၁၅၀ (သူတို့အိမ်ထောင်စု မှတ်တမ်းများရှိသည်။)ပါဟတ်မောဘသားချင်းစုမှဇေရာယ ၏သား ဧလျောနဲနှင့်ယောကျာ်း ၂၀၀ဇတ္တုသားချင်းစုမှယဟာဇေလ၏သား ရှေခနိနှင့်ယောကျာ်း ၃၀၀အာဒိန်သားချင်းစုမှယောနသန်၏သား ဧဗက်နှင့်ယောကျာ်း ၅၀ဧလံသားချင်းစုမှအာသလိ၏သား ယေရှာယနှင့်ယောကျာ်း ၇၀ရှေဖတိသားချင်းစုမှမိက္ခေလ၏သား ဇေဗဒိနှင့်ယောကျာ်း ၈၀ယွာဘသားချင်းစုမှယေဟေလ၏သား သြဗဒိနှင့်ယောကျာ်း ၂၁၈ဗာနိသားချင်းစုမှယောသိဖိ၏သား ရှေလောမိတ်နှင့်ယောကျာ်း ၁၆၀ဗေဗဲသားချင်းစုမှဗေဗဲ၏သား ဇာခရိနှင့်ယောကျာ်း ၂၈အာဇဂဒ်သားချင်းစုမှဟက္ကတန်၏သား ယောဟနန်နှင့်ယောကျာ်း ၁၁၀အဒေါနိကံသားချင်းစုမှဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့်ယောကျာ်း ၆၀(သူတို့သည်နောက်မှလိုက်လာကြသူများ ဖြစ်၏။)ဗိဂဝဲသားချင်းစုမှဥသဲ၊ဇဗ္ဗုဒ်နှင့်ယောကျာ်း ၇၀
16. ငါသည်ခေါင်းဆောင်ကိုးဦးဖြစ်ကြသော ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ယာရိမ်၊ ဧလနာသန်၊ ဇာခရိနှင့်မေရှုလံတို့ကိုလည်း ကောင်း၊ ပညာရှိနှစ်ဦးဖြစ်ကြသောယွာရိပ် နှင့် ဧလနာသန်တို့ကိုလည်းကောင်းခေါ်ပြီး လျှင်၊-
17. ကသိဖိမြို့သူကြီးဣဒေါထံသို့စေလွှတ်၍ ဣဒေါနှင့်သူ၏အပေါင်းအဖော်ဗိမာန်တော် အလုပ်သမားများအား``ဘုရားသခင်၏ ဗိမာန်တော်တွင် အမှုတော်ဆောင်ရန်လူများ ကိုငါတို့ထံသို့စေလွှတ်ပေးပါ'' ဟုပြော ကြားစေ၏။-
18. ထိုသူတို့သည်ဘုရားသခင်၏ကျေးဇူးတော် ကြောင့် မဟာလိသားချင်းစုမှလေဝိအနွယ် ဝင်၊ အရည်အချင်းကောင်းမွန်သူရှေရဘိကို ငါတို့ထံသို့စေလွှတ်လေသည်။ သူ၏သားနှင့် ညီအစ်ကိုတစ်ဆယ့်ရှစ်ယောက်တို့သည်လည်း အတူလိုက်ပါလာကြ၏။-
19. ဣဒေါနှင့်သူ၏အပေါင်းအဖော်တို့သည် မေ ရာရိသားချင်းစုဟာရှဘိနှင့်ယေရှာယ တို့ကိုလည်းကောင်း သူတို့ဆွေမျိုးသားချင်း နှစ်ဆယ်နှင့်အတူစေလွှတ်၏။-
20. ထို့ပြင်လေဝိအနွယ်ဝင်များကိုကူညီရန် ဒါဝိဒ်မင်းနှင့်မှူးမတ်တော်များစီမံခဲ့သည့် ဗိမာန်တော်အလုပ်သမားနှစ်ရာ့နှစ်ဆယ် တို့လည်းပါလာလေသည်။ သူတို့အားလုံး ၏နာမည်များကိုစာရင်းသွင်းထားသတည်း။
21. ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
22. ငါတို့၏ဘုရားသခင်သည်ကိုယ်တော်အား ယုံကြည်ကိုးစားကြသူအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၍ ကိုယ်တော်အား ကျောခိုင်းကြသူတို့ကိုမူနှစ်သက်တော် မမူဘဲ အပြစ်ဒဏ်ခတ်တော်မူတတ်ကြောင်း မင်းကြီးအားလျှောက်ထားခဲ့၏။ သို့ဖြစ်၍ ငါသည်ခရီးလမ်းတွင် ရန်သူများ၏ဘေး မှကာကွယ်စောင့်ရှောက်ရန်အတွက် သူ၏ ထံမှမြင်းတပ်အကူအညီကိုတောင်းခံ ရမည်မှာရှက်စရာပင်ဖြစ်ပေသည်။-