ဧ​ဇ​ရ 8:1-20 Common Language Bible (BCL)

1. အာ​တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​လက်​ထက်​၌​ဗာ​ဗု လုန်​မြို့​တွင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင် များ​၏​အ​မည်​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။

2-14. ဖိ​န​ဟတ်​သား​ချင်း​စု​မှ​ဂေ​ရ​ရှုံ​ဣ​သ​မာ သား​ချင်း​စု​မှ​ဒံ​ယေ​လဒါ​ဝိဒ်​သား​ချင်း​စု​မှ​ရှေ​ခ​နိတ်​သား​ဟတ္တုတ်ဖာ​ရုတ်​၏​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​သူ​၏ အ​နွယ်​ဝင်​ယောကျာ်း ၁၅၀ (သူ​တို့​အိမ်​ထောင်​စု မှတ်​တမ်း​များ​ရှိ​သည်။)ပါ​ဟတ်​မော​ဘ​သား​ချင်း​စု​မှ​ဇေ​ရာ​ယ ၏​သား ဧ​လျော​နဲ​နှင့်​ယောကျာ်း ၂၀၀ဇတ္တု​သား​ချင်း​စု​မှ​ယ​ဟာ​ဇေ​လ​၏​သား ရှေ​ခ​နိ​နှင့်​ယောကျာ်း ၃၀၀အာ​ဒိန်​သား​ချင်း​စု​မှ​ယော​န​သန်​၏​သား ဧ​ဗက်​နှင့်​ယောကျာ်း ၅၀ဧ​လံ​သား​ချင်း​စု​မှ​အာ​သ​လိ​၏​သား ယေ​ရှာ​ယ​နှင့်​ယောကျာ်း ၇၀ရှေ​ဖ​တိ​သား​ချင်း​စု​မှ​မိက္ခေ​လ​၏​သား ဇေ​ဗ​ဒိ​နှင့်​ယောကျာ်း ၈၀ယွာ​ဘ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏​သား သြ​ဗ​ဒိ​နှင့်​ယောကျာ်း ၂၁၈ဗာ​နိ​သား​ချင်း​စု​မှ​ယော​သိ​ဖိ​၏​သား ရှေ​လော​မိတ်​နှင့်​ယောကျာ်း ၁၆၀ဗေ​ဗဲ​သား​ချင်း​စု​မှ​ဗေ​ဗဲ​၏​သား ဇာ​ခ​ရိ​နှင့်​ယောကျာ်း ၂၈အာ​ဇ​ဂဒ်​သား​ချင်း​စု​မှ​ဟက္က​တန်​၏​သား ယော​ဟ​နန်​နှင့်​ယောကျာ်း ၁၁၀အ​ဒေါ​နိ​ကံ​သား​ချင်း​စု​မှ​ဧ​လိ​ဖ​လက်၊ ယေ​ယေ​လ၊ ရှေ​မာ​ယ​နှင့်​ယောကျာ်း ၆၀(သူ​တို့​သည်​နောက်​မှ​လိုက်​လာ​ကြ​သူ​များ ဖြစ်​၏။)ဗိ​ဂ​ဝဲ​သား​ချင်း​စု​မှ​ဥ​သဲ၊ဇဗ္ဗုဒ်​နှင့်​ယောကျာ်း ၇၀

15. ငါ​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ဟာ​ဝ​မြို့ သို့​စီး​သော​တူး​မြောင်း​အ​နီး​တွင်​စု​ဝေး​စေ​၍ ထို​အ​ရပ်​တွင်​ငါ​တို့​သုံး​ရက်​မျှ​စ​ခန်း​ချ ကြ​၏။ ထို​လူ​စု​တွင်​ယဇ်​ပု​ရော​ဟိတ်​များ ပါ​ရှိ​သော်​လည်း လေ​ဝိ​အ​နွယ်​ဝင်​များ​ကို မ​တွေ့​သ​ဖြင့်၊-

16. ငါ​သည်​ခေါင်း​ဆောင်​ကိုး​ဦး​ဖြစ်​ကြ​သော ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ယာ​ရိမ်၊ ဧ​လ​နာ​သန်၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​ကို​လည်း ကောင်း၊ ပ​ညာ​ရှိ​နှစ်​ဦး​ဖြစ်​ကြ​သော​ယွာ​ရိပ် နှင့် ဧ​လ​နာ​သန်​တို့​ကို​လည်း​ကောင်း​ခေါ်​ပြီး လျှင်၊-

17. က​သိ​ဖိ​မြို့​သူ​ကြီး​ဣ​ဒေါ​ထံ​သို့​စေ​လွှတ်​၍ ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​အား``ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တွင် အ​မှု​တော်​ဆောင်​ရန်​လူ​များ ကို​ငါ​တို့​ထံ​သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော ကြား​စေ​၏။-

18. ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကြောင့် မ​ဟာ​လိ​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ် ဝင်၊ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ​ရှေ​ရ​ဘိ​ကို ငါ​တို့​ထံ​သို့​စေ​လွှတ်​လေ​သည်။ သူ​၏​သား​နှင့် ညီ​အစ်​ကို​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည်​လည်း အ​တူ​လိုက်​ပါ​လာ​ကြ​၏။-

19. ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မေ ရာ​ရိ​သား​ချင်း​စု​ဟာ​ရှ​ဘိ​နှင့်​ယေ​ရှာ​ယ တို့​ကို​လည်း​ကောင်း သူ​တို့​ဆွေ​မျိုး​သား​ချင်း နှစ်​ဆယ်​နှင့်​အ​တူ​စေ​လွှတ်​၏။-

20. ထို့​ပြင်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို​ကူ​ညီ​ရန် ဒါ​ဝိဒ်​မင်း​နှင့်​မှူး​မတ်​တော်​များ​စီ​မံ​ခဲ့​သည့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​နှစ်​ရာ့​နှစ်​ဆယ် တို့​လည်း​ပါ​လာ​လေ​သည်။ သူ​တို့​အား​လုံး ၏​နာ​မည်​များ​ကို​စာ​ရင်း​သွင်း​ထား​သ​တည်း။

ဧ​ဇ​ရ 8