ဧ​ဇ​ရ 8:1-17 Common Language Bible (BCL)

1. အာ​တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​လက်​ထက်​၌​ဗာ​ဗု လုန်​မြို့​တွင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင် များ​၏​အ​မည်​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။

15. ငါ​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ဟာ​ဝ​မြို့ သို့​စီး​သော​တူး​မြောင်း​အ​နီး​တွင်​စု​ဝေး​စေ​၍ ထို​အ​ရပ်​တွင်​ငါ​တို့​သုံး​ရက်​မျှ​စ​ခန်း​ချ ကြ​၏။ ထို​လူ​စု​တွင်​ယဇ်​ပု​ရော​ဟိတ်​များ ပါ​ရှိ​သော်​လည်း လေ​ဝိ​အ​နွယ်​ဝင်​များ​ကို မ​တွေ့​သ​ဖြင့်၊-

16. ငါ​သည်​ခေါင်း​ဆောင်​ကိုး​ဦး​ဖြစ်​ကြ​သော ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ယာ​ရိမ်၊ ဧ​လ​နာ​သန်၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​ကို​လည်း ကောင်း၊ ပ​ညာ​ရှိ​နှစ်​ဦး​ဖြစ်​ကြ​သော​ယွာ​ရိပ် နှင့် ဧ​လ​နာ​သန်​တို့​ကို​လည်း​ကောင်း​ခေါ်​ပြီး လျှင်၊-

17. က​သိ​ဖိ​မြို့​သူ​ကြီး​ဣ​ဒေါ​ထံ​သို့​စေ​လွှတ်​၍ ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​အား``ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တွင် အ​မှု​တော်​ဆောင်​ရန်​လူ​များ ကို​ငါ​တို့​ထံ​သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော ကြား​စေ​၏။-

ဧ​ဇ​ရ 8