1. အာတဇေရဇ်ဧကရာဇ်မင်းလက်ထက်၌ဗာဗု လုန်မြို့တွင် ပြည်နှင်ဒဏ်သင့်ရာမှယေရုရှလင် မြို့သို့ပြန်လာကြသော သားချင်းစုခေါင်းဆောင် များ၏အမည်စာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။
15. ငါသည်ထိုသူအပေါင်းတို့ကိုအဟာဝမြို့ သို့စီးသောတူးမြောင်းအနီးတွင်စုဝေးစေ၍ ထိုအရပ်တွင်ငါတို့သုံးရက်မျှစခန်းချ ကြ၏။ ထိုလူစုတွင်ယဇ်ပုရောဟိတ်များ ပါရှိသော်လည်း လေဝိအနွယ်ဝင်များကို မတွေ့သဖြင့်၊-
16. ငါသည်ခေါင်းဆောင်ကိုးဦးဖြစ်ကြသော ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ယာရိမ်၊ ဧလနာသန်၊ ဇာခရိနှင့်မေရှုလံတို့ကိုလည်း ကောင်း၊ ပညာရှိနှစ်ဦးဖြစ်ကြသောယွာရိပ် နှင့် ဧလနာသန်တို့ကိုလည်းကောင်းခေါ်ပြီး လျှင်၊-