ဧ​ဇ​ရ 6:16-22 Common Language Bible (BCL)

16. ထို​နောက်​ဣ​သ​ရေ​လ​ပြည်​သူ​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​မှန်​သ​မျှ​တို့​သည် ဗိ​မာန်​တော်​ကို​ရွှင်​လန်း​ဝမ်း​မြောက်​စွာ အ​နု​မော​ဒ​နာ​ပြု​ကြ​ကုန်​၏။-

17. ထို​အ​နု​မော​ဒ​နာ​ပွဲ​၌​သူ​တို့​သည်​နွား​ကောင်​ရေ​တစ်​ရာ၊ သိုး​ကောင်​ရေ​နှစ်​ရာ​နှင့်​သိုး​သား​ငယ်​ကောင်​ရေ​လေး​ရာ​ကို​ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ဆိတ်​တစ်​ကောင်​ကျ​ဖြင့် ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ကြ​၏။-

18. သူ​တို့​သည်​မော​ရှေ​၏​ကျမ်း​တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လှည့်​ကျ​ခွဲ​ထား​သော​တာ​ဝန်​ကို​ပေး​အပ်​ကြ​လေ​သည်။

19. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​သူ​တို့​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​၌​ကျင်း​ပ​ကြ​၏။-

20. ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း​စေ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လျက်​ရှိ​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မိ​မိ​တို့​ကိုယ်​တိုင်​တို့​အ​တွက်​ပ​သ​ခါ​ယဇ်​ကောင်​များ​ကို​သတ်​ကြ​၏။-

21. ထို​ယဇ်​ကောင်​တို့​၏​အ​သား​ကို​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​ထို​ဒေ​သ​တွင်​နေ​ထိုင်​လျက်​ရှိ​သော​သူ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​စွန့်​လွှတ်​ကြ​သူ​များ​နှင့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန်​လာ​ကြ​သူ​အ​ပေါင်း​တို့​သည်​စား​ကြ​၏။-

22. သူ​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ​ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း အား​ထောက်​ပံ့​ကူ​ညီ​လို​စိတ်​ကို​သွင်း​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် အ​လွန်​ပင်​ဝမ်း​မြောက်​ကြ​လေ​သည်။

ဧ​ဇ​ရ 6