ဧ​ဇ​ရ 5:3-7 Common Language Bible (BCL)

3. ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​၏​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သည် ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍``ဤ​ဗိ​မာန်​တော်​ကို​တည်​ဆောက်​မွမ်း​မံ​ရန် သင်​တို့​အား​အ​ဘယ်​သူ​အ​မိန့်​ပေး​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-

4. သူ​တို့​သည်​ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ပါ​ဝင်​ကူ​ညီ​ကြ​သူ​တို့​၏​အ​မည်​များ​ကို​တောင်း​ယူ​ကြ​၏။-

5. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​စောင့်​ထိန်း​ကြည့်​ရှု​လျက်​နေ​တော်​မူ​သ​ဖြင့် ပေ​ရ​သိ​အ​ရာ​ရှိ​တို့​သည်​ဒါ​ရိ​မင်း​ထံ​သို့​စာ​ရေး​အ​ကြောင်း​ကြား​ရန်​နှင့် ထို​မင်း​ထံ​မှ​အ​မိန့်​တစ်​စုံ​တစ်​ရာ​ပြန်​လည်​မ​ရ​မ​ချင်း​မည်​သို့​မျှ​အ​ရေး​ယူ​ဆောင်​ရွက်​ခြင်း​မ​ပြု​ရန်​ဆုံး​ဖြတ်​ကြ​၏။-

6. သူ​တို့​သည်​မင်း​ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကြ​၏။

7. ထို​အ​စီ​ရင်​ခံ​စာ​တွင်``ဧ​က​ရာဇ်​မင်း​ဒါ​ရိ​ထံ​သို့​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ အ​ရှင်​သည်​ငြိမ်း​ချမ်း​စွာ​စိုး​စံ​တော်​မူ​နိုင်​ပါ​စေ​သော။

ဧ​ဇ​ရ 5