1. ပရောဖက်ဟ္ဂဲနှင့်ဣဒေါသားပရောဖက်ဇာခရိတို့သည် ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်သူယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန်ကြားကြ၏။-
2. ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
3. ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်၏ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် ချက်ချင်းပင်ယေရုရှလင်မြို့သို့သွား၍``ဤဗိမာန်တော်ကိုတည်ဆောက်မွမ်းမံရန် သင်တို့အားအဘယ်သူအမိန့်ပေးပါသနည်း'' ဟုမေးမြန်းကြ၏။-
4. သူတို့သည်ဗိမာန်တော်တည်ဆောက်မှုတွင် ပါဝင်ကူညီကြသူတို့၏အမည်များကိုတောင်းယူကြ၏။-
5. သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။-
6. သူတို့သည်မင်းကြီးထံသို့အစီရင်ခံစာပေးပို့ကြ၏။