6. ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
7. တစ်ဖန်ပေရသိဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်သူတို့၏အပေါင်းအဖော်တို့သည် မင်းကြီးထံသို့လျှောက်လွှာတင်သွင်းကြ၏။ ထိုလျှောက်လွှာကိုအာရမိဘာသာစကားဖြင့် ရေးသားပြန်ဆိုကာဖတ်ပြရန်ပင်ဖြစ်သည်။
8. ထို့ပြင်ယေရုရှလင်မြို့အကြောင်းနှင့်ပတ်သက်၍ ဘုရင်ခံရေဟုံနှင့်အတွင်းဝန်ရှိမရှဲတို့က အာတဇေရဇ်မင်းထံသို့အောက်ဖော်ပြပါစာကိုရေးသားပေးပို့ကြလေသည်။
9. ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်များ၊ တရားသူကြီးများ၊ ဘေရက်မြို့၊ ဗာဗုလုန်မြို့၊ ဧလံပြည်ရှိရှုရှန်မြို့တို့မှ လာရောက်အမှုထမ်းကြသောအရာရှိများ၊-
10. ရှမာရိမြို့နှင့်ဥဖရတ်မြစ်ကြီးအနောက်ဘက်ရှိပြည်နယ် သို့ပြောင်းရွှေ့နေထိုင်စေရန်တန်ခိုးကြီးမားသည့်အာသနပ္ပါမင်းစေလွှတ်လိုက်သည့်အခြားပြည်သူများထံမှ''
11. (စာတွင်ပါရှိသည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။)``အာတဇေရဇ်မင်းထံသို့ဘုရင်အစေခံများဖြစ်ကြသော ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့ကအစီရင်ခံအပ်ပါသည်။''