ဧ​ဇ​ရ 4:21-24 Common Language Bible (BCL)

21. သို့​ဖြစ်​၍​ငါ​၏​ထံ​မှ​နောက်​ထပ်​အ​မိန့်​တစ်​စုံ​တစ်​ရာ​မ​ရ​မ​ချင်း၊ ထို​မြို့​ပြန်​လည်​တည်​ဆောက်​မှု​ကို​ရပ်​ဆိုင်း​ထား​ကြ​ရန်​သင်​တို့​အ​မိန့်​ထုတ်​ဆင့်​ကြ​ရ​မည်။-

22. ငါ​၏​အ​ကျိုး​ကို​ထပ်​မံ​၍​မ​ထိ​မ​ခိုက်​စေ​ရန်​ယင်း​အ​မိန့်​ကို​ချက်​ချင်း​ထုတ်​ပြန်​ကြ​ရ​မည်'' ဟူ​၍​တည်း။

23. ဧ​က​ရဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​ထံ​မှ​ဤ​စာ​ကို ရေ​ဟုံ၊ ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​အား​ဖတ်​ပြ​သော​အ​ခါ သူ​တို့​သည်​ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​အ​လျင်​အ​မြန်​သွား​၍ ယု​ဒ​အ​မျိုး​သား​တို့​အား​ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​အ​နိုင်​အ​ထက်​ရပ်​ဆိုင်း​စေ​ကြ​၏။

24. ဗိ​မာန်​တော်​တည်​ဆောက်​မှု​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ နန်း​စံ​ဒု​တိ​ယ​နှစ်​တိုင်​အောင်​ရပ်​စဲ​ခဲ့​လေ​သည်။

ဧ​ဇ​ရ 4