ဧ​ဇ​ရ 2:42-60 Common Language Bible (BCL)

42. ဗိ​မာန်​တော်​အ​စောင့်​တပ်​သား (ရှလ္လုံ၊ အာ​တာ၊ တာ​လ​မုန်၊ အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) ၁၃၉

43-54. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သော​ဗိ​မာန်​တော်​အ​လုပ်​သ​မား​သား​ချင်း​စု​များ​မှာ၊ဇိ​ဟ၊ဟ​သု​ဖ၊တ​ဗ္ဗောက်၊ကေ​ရုတ်၊သ​ယာ​ဟ၊ပါ​ဒုန်၊လေ​ဗန၊ဟာ​ဂ​ဘ၊အက္ကုပ်၊ဟာ​ဂပ်၊ရှာ​လ​မဲ၊ဟာ​နန်၊ဂိဒ္ဒေ​လ၊ဂါ​ဟာ၊ရာ​ယ၊ရေ​ဇိန်၊နေ​ကော​ဒ၊ဂဇ္ဇမ်၊သြ​ဇ၊ပါ​သာ၊ဗေ​သဲ၊အာ​သ​နာ၊မ​ဟု​နိမ်၊န​ဖု​သိမ်၊ဗာ​က​ဗုတ်၊ဟ​ကု​ဖ၊ယာ​ရ​ဟု​ရ၊ဗာ​ဇ​လုတ်၊မ​ဟိ​ဒ၊ဟ​ရ​ရှ၊ဗာ​ကုတ်၊သိ​သ​ရ၊သာ​မနေ​ဇိ​နှင့်​ဟ​တိ​ဖ​တို့​ဖြစ်​ကြ​၏။

55-57. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​များ​မှာ၊သော​တဲ၊သော​ဖ​ရက်၊ပေ​ရု​ဒ၊ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊ဇေ​ဗိမ်​နှင့်​အာ​မိ​တို့​ဖြစ်​သည်။

58. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ရှော​လ​မုန်​၏​အ​စေ​ခံ​များ​နှင့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​မြေး​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​သ​တည်း။

59. တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​သ​မြို့၊ ခေ​ရုပ်​မြို့၊ အဒ္ဒန်​မြို့​နှင့်​ဣ​မေ​ရ​မြို့​တို့​မှ​ထွက်​ခွာ​လာ​သော၊-

60. ဒေ​လာ​ယ၊ တော​ဘိ​နှင့်​နေ​ကော​ဒ​သား​ချင်း​စု​အ​နွယ်​ဝင်​များ​မှာ ခြောက်​ရာ​ငါး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ မိ​မိ​တို့​ဆင်း​သက်​ပေါက်​ပွား​လာ​ကြောင်း​သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ။

ဧ​ဇ​ရ 2