ဧ​ဇ​ရ 2:1-42 Common Language Bible (BCL)

1. ပြည်​နှင်​ဒဏ်​သင့်​သူ​များ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်​ဇာ​တိ​မြို့​ရွာ​များ​သို့​လည်း​ကောင်း ပြန်​ရန်​ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​ခွာ​လာ​ကြ​၏။ သူ​တို့​အိမ်​ထောင်​စု​များ​သည်​မိ​မိ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​လာ​စဉ်​အ​ခါ​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ခဲ့​ကြ​၏။-

2. သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​ကြ​၏။ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​သား​ချင်း​စု​အ​လိုက် လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

40. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​လေ​ဝိ​အ​နွယ်​ဝင်​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ယော​ရှု​နှင့်​ကာ​ဒ​မေ​လ​သား​ချင်း​စု​မှ (ဟော​ဒ​ဝိ​၏​သား​မြေး​များ) ၇၄

41. ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် (အာ​သပ်​၏​သား​မြေး​များ) ၁၂၈

42. ဗိ​မာန်​တော်​အ​စောင့်​တပ်​သား (ရှလ္လုံ၊ အာ​တာ၊ တာ​လ​မုန်၊ အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) ၁၃၉

ဧ​ဇ​ရ 2