ဧ​ဇ​ရ 10:5-12 Common Language Bible (BCL)

5. ထို့​ကြောင့်​ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့ ၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏ ခေါင်း​ဆောင်​များ၊ ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​အား​ရှေ​က​နိ​ပေး​သည့်​အ​ကြံ​အ​တိုင်း ဆောင်​ရွက်​ပါ​မည်​ဟူ​သော​သစ္စာ​က​တိ​ကို ပြု​စေ​၏။-

6. ထို​နောက်​သူ​သည်​ဗိ​မာန်​တော်​ရှေ့​မှ​ထ​သွား​၍ ဧ​လျာ​ရှိပ်​၏​သား​ယော​ဟ​နန်​၏​အ​ခန်း​သို့ သွား​ပြီး​လျှင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ သူ​တို့​သစ္စာ​မဲ့​မှု​ကြောင့်​တစ်​ညဥ့်​လုံး​မ​စား မ​သောက်​ဘဲ​ညဉ်း​တွား​မြည်​တမ်း​လျက်​နေ​၏။

9. ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​တွင်​နေ​ထိုင် သူ​ယောကျာ်း​အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း န​ဝ​မ​လ​နှစ်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​ရှေ့​တံ​တိုင်း​သို့​လာ​ရောက် စု​ဝေး​ကြ​၏။ ထို​အ​ခါ​၌​မိုး​သည်း​ထန် စွာ​ရွာ​လျက်​နေ​၏။ လူ​အ​ပေါင်း​တို့​သည် ရာ​သီ​ဥ​တု​အ​ခြေ​အ​နေ​ကြောင့်​လည်း ကောင်း၊ အ​စည်း​အ​ဝေး​အ​ရေး​ကြီး​မှု ကြောင့်​လည်း​ကောင်း​တုန်​လှုပ်​လျက်​နေ ကြ​၏။

10. ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည်​ထ​၍ ထို​သူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​၏။ ဧ​ဇ​ရ​က``သင်​တို့ သည်​သစ္စာ​မဲ့​ကြ​လေ​ပြီ။ လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကာ ဣ​သ ရေ​လ​အ​မျိုး​အား​အ​ပြစ်​သင့်​စေ​ကြ လေ​ပြီ။-

11. သို့​ဖြစ်​၍​သင်​တို့​အ​ပြစ်​ကို သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​ဝန်​ခံ​ပြီး​လျှင် ကိုယ်​တော်​နှစ်​သက်​တော် မူ​သည့်​အ​မှု​ကို​ပြု​ကြ​လော့။ ငါ​တို့​ပြည် တွင်​သင်​တို့​နှင့်​အ​တူ နေ​ထိုင်​ကြ​သူ​လူ​မျိုး ခြား​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​၏​လူ​မျိုး ခြား​ဇ​နီး​များ​နှင့်​လည်း​ကောင်း​ခွဲ​ခွာ ကြ​လော့'' ဟု​ဆို​၏။

12. လူ​တို့​က​လည်း``အ​ရှင်​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်'' ဟု​ပြန်​လည်​ဟစ် အော်​ပြော​ဆို​ကြ​၏။-

ဧ​ဇ​ရ 10