ဧ​ဇ​ရ 10:2-6 Common Language Bible (BCL)

2. ထို​အ​ခါ​ဧ​လံ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏ သား ရှေ​က​နိ​က​ဧ​ဇ​ရ​အား``အ​ကျွန်ုပ်​တို့​သည် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​သစ္စာ ဖောက်​ကြ​ပါ​ပြီ။ သို့​သော်​လည်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် မျှော်​လင့်​စ​ရာ​ရှိ ပါ​သေး​၏။-

3. ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ထို​မိန်း​မ​များ​နှင့် သား​သ​မီး​များ​ကို​စွန့်​ကြ​ပါ​မည်​ဟု အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​အား​ကျိန်​ဆို​က​တိ​ပြု ရ​ကြ​မည်။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​များ ကို​ရို​သေ​လေး​စား​ကြ​သော​အ​ရှင်​နှင့် အ​ခြား သူ​များ​အ​ကြံ​ပေး​သည့်​အ​တိုင်း အ​ကျွန်ုပ် တို့​ပြု​ကြ​ပါ​မည်။ ဘု​ရား​သ​ခင်​၏​တ​ရား တော်​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း​ပြု​ပါ​မည်။-

4. ဤ​အ​မှု​ကို​အ​ရှင်​တာ​ဝန်​ယူ​ဆောင်​ရွက် တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​အား ဝိုင်း​ဝန်း​ကူ​ညီ​ကြ​ပါ​မည်။ သို့​ဖြစ်​၍​ရဲ​ရင့် စွာ​ဆောင်​ရွက်​တော်​မူ​ပါ'' ဟု​ပြော​၏။

5. ထို့​ကြောင့်​ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့ ၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏ ခေါင်း​ဆောင်​များ၊ ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​အား​ရှေ​က​နိ​ပေး​သည့်​အ​ကြံ​အ​တိုင်း ဆောင်​ရွက်​ပါ​မည်​ဟူ​သော​သစ္စာ​က​တိ​ကို ပြု​စေ​၏။-

6. ထို​နောက်​သူ​သည်​ဗိ​မာန်​တော်​ရှေ့​မှ​ထ​သွား​၍ ဧ​လျာ​ရှိပ်​၏​သား​ယော​ဟ​နန်​၏​အ​ခန်း​သို့ သွား​ပြီး​လျှင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ သူ​တို့​သစ္စာ​မဲ့​မှု​ကြောင့်​တစ်​ညဥ့်​လုံး​မ​စား မ​သောက်​ဘဲ​ညဉ်း​တွား​မြည်​တမ်း​လျက်​နေ​၏။

34-37. ဗာ​နိ​သား​ချင်း​စု​မှ​မာ​ဒဲ၊ အာ​မ​ရံ၊ ဝေ​လ၊ ဗေ​နာ​ယ၊ ပေ​ဒိ၊ ခေ​လု၊ ဝါ​နိ၊ မေ​ရ​မုတ်၊ ဧ​လျာ​ရှိပ်၊ မ​တ္တ​နိ၊ မတ္တနဲ​နှင့်​ယာ​သော။

38-42. ဗိ​နွိ​သား​ချင်း​စု​မှ​ရှိ​မိ၊ ရှေ​လ​မိ၊ နာ​သန်၊ အ​ဒါ​ယ၊ မာ​ခ​န​ဒေ​ဗဲ၊ ရှာ​ရှဲ၊ ရှာ​ရဲ၊ အ​ဇ ရေ​လ၊ ရှေ​လ​မိ၊ ရှေ​မ​ရိ၊ ရှလ္လုံ၊ အာ​မ​ရိ နှင့်​ယော​သပ်။

ဧ​ဇ​ရ 10