12. လူတို့ကလည်း``အရှင်အမိန့်ရှိသည့်အတိုင်း အကျွန်ုပ်တို့ပြုပါမည်'' ဟုပြန်လည်ဟစ် အော်ပြောဆိုကြ၏။-
13. သို့ရာတွင်သူတို့ကဆက်လက်၍``ဤလူအုပ် သည်အလွန်ကြီးမား၍ မိုးသည်လည်းသည်း ထန်စွာရွာလျက်ရှိပါ၏။ အကျွန်ုပ်တို့သည် လဟာပြင်တွင် ဤသို့ရပ်လျက်မနေနိုင် ကြပါ။ အကျွန်ုပ်တို့အမြောက်အမြားပင် ထိုအပြစ်ကိုကူးလွန်ခဲ့ကြသည်ဖြစ်၍ ဤအမှုကိစ္စကိုတစ်ရက်နှစ်ရက်နှင့်ဆောင် ရွက်၍ပြီးမည်မဟုတ်ပါ။-
14. ထို့ကြောင့်အကျွန်ုပ်တို့၏အုပ်ချုပ်ရေးမှူး များသည် ယေရုရှလင်မြို့တွင်နေ၍ ဤ အမှုကိစ္စကိုတာဝန်ယူဆောင်ရွက်ကြ ပါစေ။ ထိုနောက်အကျွန်ုပ်တို့မြို့ရွာများ တွင် လူမျိုးခြားအမျိုးသမီးများနှင့် စုံဖက်နေထိုင်သူအပေါင်းတို့သည် မိမိ တို့မြို့ရွာခေါင်းဆောင်များ၊ တရားသူ ကြီးများနှင့်အတူချိန်းချက်သော အချိန်တွင်လာရောက်လျက် ဤအမှု နှင့်စပ်လျဉ်း၍ဘုရားသခင်၏အမျက် တော်ကိုပြေငြိမ်းအောင်ပြုကြပါစေ'' ဟုပြောကြားကြ၏။-
15. မေရှုလံနှင့်လေဝိအနွယ်ဝင်ရှဗ္ဗသဲတို့၏ ထောက်ခံမှုကိုရသော အာသဟေလ၏သား ယောနသန်နှင့်တိကဝ၏သားယဟာဇိ တို့ကလွဲ၍ အခြားအဘယ်သူမျှထို အကြံကိုမကန့်ကွက်ကြ။