ဧ​ဇ​ရ 10:1-16-17 Common Language Bible (BCL)

1. ဧ​ဇ​ရ​သည်​ဗိ​မာန်​တော်​ရှေ့​တွင်​ခေါင်း​ငုံ့​လျက် ငို​ကြွေး​ကာ ဤ​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​နေ​စဉ် ဣ​သ​ရေ​လ အ​မျိုး​သား၊ အ​မျိုး​သ​မီး​နှင့်​က​လေး​ပါ ဝင်​သော​လူ​အုပ်​ကြီး​သည်​ငို​ကြွေး​လျက် သူ့​ထံ​စု​ရုံး​ကြ​ကုန်​၏။-

10. ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည်​ထ​၍ ထို​သူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​၏။ ဧ​ဇ​ရ​က``သင်​တို့ သည်​သစ္စာ​မဲ့​ကြ​လေ​ပြီ။ လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကာ ဣ​သ ရေ​လ​အ​မျိုး​အား​အ​ပြစ်​သင့်​စေ​ကြ လေ​ပြီ။-

11. သို့​ဖြစ်​၍​သင်​တို့​အ​ပြစ်​ကို သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​ဝန်​ခံ​ပြီး​လျှင် ကိုယ်​တော်​နှစ်​သက်​တော် မူ​သည့်​အ​မှု​ကို​ပြု​ကြ​လော့။ ငါ​တို့​ပြည် တွင်​သင်​တို့​နှင့်​အ​တူ နေ​ထိုင်​ကြ​သူ​လူ​မျိုး ခြား​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​၏​လူ​မျိုး ခြား​ဇ​နီး​များ​နှင့်​လည်း​ကောင်း​ခွဲ​ခွာ ကြ​လော့'' ဟု​ဆို​၏။

12. လူ​တို့​က​လည်း``အ​ရှင်​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်'' ဟု​ပြန်​လည်​ဟစ် အော်​ပြော​ဆို​ကြ​၏။-

13. သို့​ရာ​တွင်​သူ​တို့​က​ဆက်​လက်​၍``ဤ​လူ​အုပ် သည်​အ​လွန်​ကြီး​မား​၍ မိုး​သည်​လည်း​သည်း ထန်​စွာ​ရွာ​လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် လ​ဟာ​ပြင်​တွင် ဤ​သို့​ရပ်​လျက်​မ​နေ​နိုင် ကြ​ပါ။ အ​ကျွန်ုပ်​တို့​အ​မြောက်​အ​မြား​ပင် ထို​အ​ပြစ်​ကို​ကူး​လွန်​ခဲ့​ကြ​သည်​ဖြစ်​၍ ဤ​အ​မှု​ကိစ္စ​ကို​တစ်​ရက်​နှစ်​ရက်​နှင့်​ဆောင် ရွက်​၍​ပြီး​မည်​မ​ဟုတ်​ပါ။-

14. ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​၏​အုပ်​ချုပ်​ရေး​မှူး များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​၍ ဤ အ​မှု​ကိစ္စ​ကို​တာ​ဝန်​ယူ​ဆောင်​ရွက်​ကြ ပါ​စေ။ ထို​နောက်​အ​ကျွန်ုပ်​တို့​မြို့​ရွာ​များ တွင် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​သည် မိ​မိ တို့​မြို့​ရွာ​ခေါင်း​ဆောင်​များ၊ တ​ရား​သူ ကြီး​များ​နှင့်​အ​တူ​ချိန်း​ချက်​သော အ​ချိန်​တွင်​လာ​ရောက်​လျက် ဤ​အ​မှု နှင့်​စပ်​လျဉ်း​၍​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ပြေ​ငြိမ်း​အောင်​ပြု​ကြ​ပါ​စေ'' ဟု​ပြော​ကြား​ကြ​၏။-

15. မေ​ရှု​လံ​နှင့်​လေဝိ​အ​နွယ်​ဝင်​ရှဗ္ဗ​သဲ​တို့​၏ ထောက်​ခံ​မှု​ကို​ရ​သော အာ​သ​ဟေ​လ​၏​သား ယော​န​သန်​နှင့်​တိ​က​ဝ​၏​သား​ယ​ဟာ​ဇိ တို့​က​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထို အ​ကြံ​ကို​မ​ကန့်​ကွက်​ကြ။

16-17. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​တို့ သည် ထို​အ​ကြံ​ကို​သ​ဘော​တူ​လက်​ခံ​ကြ သ​ဖြင့် ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် သား​ချင်း​စု ခေါင်း​ဆောင်​များ​အ​နက်​လူ​အ​ချို့​ကို​ရွေး ချယ်​ကာ​သူ​တို့​၏​အ​မည်​များ​ကို​မှတ်​တမ်း တင်​ထား​၏။ ထို​သူ​တို့​သည်​လူ​မျိုး​ခြား အ​မျိုး​သ​မီး​များ​နှင့် အိမ်​ထောင်​ပြု​သူ​တို့ ၏​အ​မှု​များ​ကို​ဒ​သ​မ​လ​တစ်​ရက်​နေ့ ၌​စ​တင်​၍ စုံ​စမ်း​စစ်​ဆေး​ကြ​ရာ​သုံး​လ အ​တွင်း​ပြီး​ဆုံး​လေ​သည်။

ဧ​ဇ​ရ 10