1. ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
2. ထိုအခါဧလံသားချင်းစုမှယေဟေလ၏ သား ရှေကနိကဧဇရအား``အကျွန်ုပ်တို့သည် လူမျိုးခြားအမျိုးသမီးများနှင့်ထိမ်းမြား စုံဖက်ခြင်းအားဖြင့် ဘုရားသခင်ကိုသစ္စာ ဖောက်ကြပါပြီ။ သို့သော်လည်းဣသရေလ အမျိုးသားတို့အတွက် မျှော်လင့်စရာရှိ ပါသေး၏။-
3. ယခုအကျွန်ုပ်တို့သည်ထိုမိန်းမများနှင့် သားသမီးများကိုစွန့်ကြပါမည်ဟု အကျွန်ုပ် တို့၏ဘုရားသခင်အားကျိန်ဆိုကတိပြု ရကြမည်။ ဘုရားသခင်၏အမိန့်တော်များ ကိုရိုသေလေးစားကြသောအရှင်နှင့် အခြား သူများအကြံပေးသည့်အတိုင်း အကျွန်ုပ် တို့ပြုကြပါမည်။ ဘုရားသခင်၏တရား တော်ပြဋ္ဌာန်းသည့်အတိုင်းပြုပါမည်။-
4. ဤအမှုကိုအရှင်တာဝန်ယူဆောင်ရွက် တော်မူပါ။ အကျွန်ုပ်တို့သည်အရှင်အား ဝိုင်းဝန်းကူညီကြပါမည်။ သို့ဖြစ်၍ရဲရင့် စွာဆောင်ရွက်တော်မူပါ'' ဟုပြော၏။
5. ထို့ကြောင့်ဧဇရသည်ယဇ်ပုရောဟိတ်တို့ ၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်တို့၏ ခေါင်းဆောင်များ၊ ပြည်သူတို့၏ခေါင်းဆောင် များအားရှေကနိပေးသည့်အကြံအတိုင်း ဆောင်ရွက်ပါမည်ဟူသောသစ္စာကတိကို ပြုစေ၏။-
6. ထိုနောက်သူသည်ဗိမာန်တော်ရှေ့မှထသွား၍ ဧလျာရှိပ်၏သားယောဟနန်၏အခန်းသို့ သွားပြီးလျှင် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာ သူတို့သစ္စာမဲ့မှုကြောင့်တစ်ညဥ့်လုံးမစား မသောက်ဘဲညဉ်းတွားမြည်တမ်းလျက်နေ၏။
9. ယုဒနှင့်ဗင်္ယာမိန်နယ်မြေများတွင်နေထိုင် သူယောကျာ်းအပေါင်းတို့သည် သုံးရက်အတွင်း နဝမလနှစ်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ဗိမာန်တော်ရှေ့တံတိုင်းသို့လာရောက် စုဝေးကြ၏။ ထိုအခါ၌မိုးသည်းထန် စွာရွာလျက်နေ၏။ လူအပေါင်းတို့သည် ရာသီဥတုအခြေအနေကြောင့်လည်း ကောင်း၊ အစည်းအဝေးအရေးကြီးမှု ကြောင့်လည်းကောင်းတုန်လှုပ်လျက်နေ ကြ၏။
10. ယဇ်ပုရောဟိတ်ဧဇရသည်ထ၍ ထိုသူတို့ အားမိန့်ခွန်းမြွက်ကြား၏။ ဧဇရက``သင်တို့ သည်သစ္စာမဲ့ကြလေပြီ။ လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ကာ ဣသ ရေလအမျိုးအားအပြစ်သင့်စေကြ လေပြီ။-