1. ပေရသိဘုရင်ကုရုသည်ဧကရာဇ် မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူသဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင်ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန်ပင်ဖြစ်ပေသည်။
2. ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
3. ထာဝရဘုရားသည် မိမိလူမျိုးတော်ဝင်ဖြစ်သူတို့နှင့်အတူရှိတော်မူပါစေသတည်း။ သင်တို့သည်ယုဒပြည်ယေရုရှလင်မြို့သို့သွားရောက်၍ ထိုမြို့တွင်ကိုးကွယ်ဝတ်ပြုသည့်ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအတွက် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ကြရမည်။-
4. အကယ်၍ပြည်နှင်ဒဏ်သင့်လျက်ရှိသည့် ကိုယ်တော်၏လူမျိုးတော်ဝင်ပြန်သွားရန်အတွက် အကူအညီလိုပါကသူတို့၏ပတ်ဝန်းကျင်ရှိလူတို့က ကူညီရကြမည်။ သူတို့သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်များအပြင် ယေရုရှလင်မြို့ရှိဘုရားသခင်၏ဗိမာန်တော်အတွက် အလှူဒါနများကိုပေးရကြမည်'' ဟုပါရှိသတည်း။