2. မြေအောက်သို့တွင်းတူးပြီးသေမင်းနိုင်ငံ၌ ပုန်းအောင်းနေလင့်ကစား ငါသည်သူတို့ကို အမိအရဖမ်းဆီးမည်။ မိုးပေါ်သို့တက် ပြေးလျှင်လည်းသူတို့ကိုငါဆွဲချမည်။-
3. ကရေမေလတောင်ထိပ်၌ပုန်းနေလျှင်လည်း သူတို့ကိုလိုက်ရှာ၍ဖမ်းချုပ်မည်။ ငါ့ထံမှ လွတ်အောင်ပင်လယ်အောက်၌ပုန်းနေလျှင် သူ တို့ကိုဝါးမြိုရန်ပင်လယ်နဂါးကိုစေ ခိုင်းမည်။-
4. ရန်သူများဖမ်းသွားခံရလျှင် လည်းသူတို့ ကိုသတ်ပစ်လိုက်ရန်ငါစေခိုင်းမည်။ ငါသည် သူတို့ကိုမကူညီဘဲ ဖျက်ဆီးပစ်ရန် သန္နိဋ္ဌာန်ချလိုက်ပြီ'' ဟုမိန့်တော်မူ၏။
5. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား သည် ပထဝီမြေကြီးကိုတို့တော်မူသဖြင့်၊မြေငလျင်ကြီးလှုပ်သည်။မြေသားအပေါင်းတို့လည်းငိုကြွေးရမည်။တစ်နိုင်ငံလုံးသည်အီဂျစ်ပြည်မှနိုင်းမြစ်ကဲ့သို့ တက်ခြင်းကျခြင်းရှိလိမ့်မည်။
6. ထာဝရဘုရားသည်မိုးကောင်းကင်၌ မိမိအိမ်တော် ကိုတည်ဆောက်ခဲ့၏။ကမ္ဘာမြေကြီးပေါ်တွင်လုံးဝန်းသော ကောင်းကင်ယံခုံးကိုတင်တော်မူ၏။ပင်လယ်ရေများကိုခေါ်ယူလျက်မြေပေါ်၌ သွန်းလောင်းခဲ့၏။ကိုယ်တော်ရှင်၏နာမတော်သည် အရှင်ထာဝရဘုရားပင်ဖြစ်တော်မူ၏။
7. ထာဝရဘုရားက``အို ဣသရေလပြည်သား အပေါင်းတို့၊ ငါသည်သင်တို့ကိုကုရှလူမျိုး နှင့်တန်းတူသဘောထားခဲ့၏။ ငါသည်သင် တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသကဲ့ သို့ ဖိလိတ္တိလူမျိုးကိုကရေတေကျွန်းမှ လည်းကောင်း၊ ရှုရိလူမျိုးကိုတိရပြည် မှလည်းကောင်းထုတ်ဆောင်လာခဲ့၏။-
8. ငါအရှင်ထာဝရဘုရားသည်အပြစ်များ လှသော ဤဣသရေလနိုင်ငံကိုသတိဖြင့် စောင့်ကြည့်နေပြီ။ ဤနိုင်ငံကိုမြေပေါ်မှ ကွယ်ပျောက်သွားအောင်ပယ်ဖျက်တော့မည်။ သို့သော်လည်းငါသည်ယာကုပ်အမျိုးအနွယ် အားလုံးကိုဖျက်ဆီးမည်မဟုတ်ဟုထာဝရ ဘုရားမိန့်တော်မူ၏။
9. ``ဆန်ကိုဆန်ကာတင်ပြီးခါချသကဲ့သို့ငါ၏ အမိန့်ဖြင့် ဣသရေလပြည်သားတို့ကိုဆန်ခါ တင်ကာခါချလိုက်မည်။ ခပ်သိမ်းသောလူမျိုး များအထဲ၌လှုပ်ခါပြီးနောက်မထိုက်တန်သူ မှန်သမျှကိုငါရှင်းလိုက်မည်။-