အာ​မုတ် 8:4-8 Common Language Bible (BCL)

4. ငတ်​မွတ်​သူ​များ​ကို​နင်း​ချေ​၍​ဆင်း​ရဲ​သော ပြည်​သူ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​နေ​ကြ​သူ တို့၊ ဤ​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

5. ``ငါ​တို့​သည်​ဂျုံ​စ​ပါး​ကို​ရောင်း​လို​လှ​ပြီ။ သန့်​ရှင်း​ရာ​နေ့​လွန်​အောင်​ပင်​မ​စောင့်​နိုင်​အောင် ဖြစ်​နေ​ကြ​ပြီ။ ဥ​ပုသ်​နေ့​သည်​ဘယ်​သော​ခါ မှ​ကုန်​ပါ​မည်​နည်း။ ထို​နေ့​လွန်​လျှင်​ငါ​တို့ သည်​မ​မှန်​သော​တင်း​တောင်း​နှင့် အ​လေး​ခိုး ပြီး​မ​မှန်​သော​ချိန်​ခွင်​ကို​သုံး​၍​စျေး​တင် ရောင်း​ချ​မည်။-

6. တန်​ဖိုး​မ​ရှိ​သော​ဂျုံ​စ​ပါး​ကို​တက်​စျေး ဖြင့်​ရောင်း​မည်။ အ​ကြွေး​နစ်​လွန်း​သ​ဖြင့် ဆင်း​ရဲ​နေ​သူ​ကို​ရှာ​ပြီး​ကျွန်​အ​ဖြစ်​နှင့် ခြေ​နင်း​တစ်​ရံ​စာ​မျှ​ဖြင့်​ဝယ်​ယူ​မည်'' ဟု​သင်​တို့​ဆို​ကြ​လေ​ပြီ။

7. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​၏ ယုတ်​မာ​မှု​များ​ကို ဘယ်​သော​ခါ​မှ​မ​မေ့ နိုင်​ဟု​ယာ​ကုပ်​၏​ဘုန်း​တန်​ခိုး​ကို​တိုင်​တည် ၍​ကျိန်​ဆို​တော်​မူ​ပြီ။-

8. ဤ​ပြစ်​မှု​များ​ကြောင့်​မြေ​င​လျင်​ကြီး​လှုပ်​ခါ တစ်​ပြည်​လုံး​ရှိ​ပြည်​သူ​မှန်​သ​မျှ​ဝမ်း​နည်း​ပူ ဆွေး​ရ​ကြ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီဂျစ်​ပြည် မှ​နိုင်း​မြစ်​ကဲ့​သို့​တက်​၍​ကျ​၍​ဆတ်​ဆတ် ခါ​အောင်​တုန်​လှုပ်​သွား​လိမ့်​မည်။-

အာ​မုတ် 8