4. ထာဝရဘုရားက``ဣသရေလပြည်သား တို့အားငါ့ထံသို့ပြန်လာကြလော့။ သို့ပြု လျှင်သင်တို့သည်အသက်ချမ်းသာလိမ့်မည်။-
5. ဗေရရှေဘမြို့သို့သွား၍မကိုးကွယ်လေ နှင့်။ ငါ့ကိုတွေ့ရန်ဗေသလမြို့၌လည်းမရှာ ကြနှင့်။ ဗေသလမြို့သည်အချည်းနှီးဖြစ် ရတော့မည်။ ဂိလဂါလမြို့သို့လည်းမသွား နှင့်။ ထိုမြို့သားတို့သည်ပြည်ပသို့ဖမ်းသွား ခြင်းကိုအမှန်ပင်ခံရလိမ့်မည်။''
6. ထာဝရဘုရားထံသို့သွားလော့။ သို့ပြု လျှင်အသက်ချမ်းသာလိမ့်မည်။ ထိုသို့မ ပြုလျှင်ကိုယ်တော်အရှင်သည်မီးကဲ့သို့ ရွာသွန်းလာပြီး ယောသပ်အမျိုးအနွယ် တို့ကိုလောင်ကျွမ်းလိမ့်မည်။ ဗေသလမြို့ သားများကိုလောင်ကျွမ်းကုန်၍ထိုမီး ကိုမည်သူကမျှမငြိမ်းသတ်နိုင်ချေ။-
7. လူသားတို့၏ရပိုင်ခွင့်များကိုမတရား ပိတ်ပင်၍ တရားမျှတမှုကိုမှောက်လှန်နေ ကြသူတို့၊ သင်တို့သည်ကြမ္မာဆိုးနှင့်မလွဲ မသွေကြုံရတော့မည်ဟုမိန့်တော်မူ၏။