21. ထာဝရဘုရားက``သင်တို့၏ဘုရားပွဲ များကိုငါမုန်း၏။ ထိုပွဲများကိုမခံနိုင် လောက်အောင်ပင်ရွံရှာ၏။-
22. သင်တို့မီးပူဇော်ခြင်း၊ ဂျုံစပါးဆက်ကပ် ခြင်းကိုငါလက်မခံနိုင်။ ဆူဖြိုးသောသား ကောင်တို့ဖြင့် ပူဇော်ခြင်းကိုလည်းငါ အလိုမရှိ။-
23. ဆူညံလှသောတေးသံများကိုရပ်စဲလော့။ သင်တို့စောင်းသံများကိုလည်းငါမကြား လို။-
24. တရားမျှတရေးသည်စမ်းရေကဲ့သို့လည်း ကောင်း၊ ဖြောင့်မတ်ခြင်းသည်မခန်းနိုင်သော မြစ်ကဲ့သို့လည်းကောင်းစီးပါလေစေ။
25. ``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်နေစဉ်ကယဇ်ပူဇော်သကာတို့ ကို ငါ့အားမပူဇော်ဘဲနေခဲ့ကြသည်မ ဟုတ်လော။-
26. သို့ဖြစ်သောကြောင့်သင်တို့သည်ကိုယ်တိုင်ထု လုပ်၍ ကိုးကွယ်နေကြသောမောလုပ်နှင့်ခိအုန် ကြယ်ဘုရားရုပ်တုများကို ယခုပင်လျှင် ကိုယ်တိုင်ထမ်းယူသွားရတော့မည်။-
27. ငါသည်သင်တို့ကိုဒမာသက်မြို့တစ်ဘက် သို့ဖမ်းယူသွားတော့မည်'' ဟုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော် မူ၏။