အာ​မုတ် 5:18-27 Common Language Bible (BCL)

18. ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ကို​စောင့်​မျှော် နေ​သူ​များ​အ​တွက် အ​လွန်​ကြောက်​စ​ရာ ကောင်း​လှ​ပါ​သည်​တ​ကား။ ထို​နေ့​တော် သည်​သင်​တို့​ကို​မည်​သို့​လျှင်​အ​ကျိုး​ပြု နိုင်​မည်​နည်း။ အ​လင်း​မ​ရှိ​ဘဲ​အ​မှောင်​ဖုံး သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။-

19. ထို​နေ့​သည်​သင်​တို့​အ​တွက်​ခြင်္သေ့​ကို​ကြောက် ၍ ထွက်​ပြေး​ခါ​မှ​ဝက်​ဝံ​နှင့်​တွေ့​သ​ကဲ့​သို့ လည်း​ကောင်း၊ အိမ်​ပြန်​ရောက်​ခါ​မှ​နံ​ရံ​ကိုင် မိ​၍ မြွေ​အ​ကိုက်​ခံ​ရ​သ​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။-

20. ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​သည်​အ​လင်း မ​ရ​ဘဲ အ​မှောင်​ကျ​သော​နေ့​ဖြစ်​လိမ့်​မည်။ ထွန်း​တောက်​ခြင်း​အ​လျှင်း​မ​ရှိ​ဘဲ အ​မှောင်​ထု ကြီး​ဖုံး​နေ​သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။

21. ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​ဘု​ရား​ပွဲ များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​များ​ကို​မ​ခံ​နိုင် လောက်​အောင်​ပင်​ရွံ​ရှာ​၏။-

22. သင်​တို့​မီး​ပူ​ဇော်​ခြင်း၊ ဂျုံ​စ​ပါး​ဆက်​ကပ် ခြင်း​ကို​ငါ​လက်​မ​ခံ​နိုင်။ ဆူ​ဖြိုး​သော​သား ကောင်​တို့​ဖြင့် ပူ​ဇော်​ခြင်း​ကို​လည်း​ငါ အ​လို​မ​ရှိ။-

23. ဆူ​ညံ​လှ​သော​တေး​သံ​များ​ကို​ရပ်​စဲ​လော့။ သင်​တို့​စောင်း​သံ​များ​ကို​လည်း​ငါ​မ​ကြား လို။-

24. တ​ရား​မျှ​တ​ရေး​သည်​စမ်း​ရေ​ကဲ့​သို့​လည်း ကောင်း၊ ဖြောင့်​မတ်​ခြင်း​သည်​မ​ခန်း​နိုင်​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​စီး​ပါ​လေ​စေ။

25. ``အို ဣ​သ​ရေ​လ​အမျိုး​သား​တို့၊ သင်​တို့​သည် တော​ကန္တာ​ရ​ထဲ​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး လှည့်​လည်​နေ​စဉ်​က​ယဇ်​ပူ​ဇော်​သ​ကာ​တို့ ကို ငါ့​အား​မ​ပူ​ဇော်​ဘဲ​နေ​ခဲ့​ကြ​သည်​မ ဟုတ်​လော။-

26. သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ကိုယ်​တိုင်​ထု လုပ်​၍ ကိုး​ကွယ်​နေ​ကြ​သော​မော​လုပ်​နှင့်​ခိ​အုန် ကြယ်​ဘု​ရား​ရုပ်​တု​များ​ကို ယ​ခု​ပင်​လျှင် ကိုယ်​တိုင်​ထမ်း​ယူ​သွား​ရ​တော့​မည်။-

27. ငါ​သည်​သင်​တို့​ကို​ဒ​မာ​သက်​မြို့​တစ်​ဘက် သို့​ဖမ်း​ယူ​သွား​တော့​မည်'' ဟု​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။

အာ​မုတ် 5