1. အို ဣသရေလပြည်သားတို့၊ သင်တို့ကို သင်္ဂြိုဟ်ဖို့ငါသီဆိုမည့်ဤအသုဘ တေးကိုနားဆင်ကြလော့။
2. အပျိုကညာဣသရေလသည်ဘယ်ခါမျှပြန်မထနိုင်အောင်လဲရ ချေပြီ။မြေပေါ်မှာအထီးကျန်စွာလဲနေရှာပြီ။သူ့အားထူမရန်မည်သူမျှမရှိပြီ။
3. အထွတ်ဘုရင်အရှင်ထာဝရဘုရား က``ဣသရေလမြို့တစ်မြို့မှစစ်သည်တစ် ထောင်စစ်ချီထွက်သွားသော်လည်း၊ တစ်ရာ သာလျှင်ပြန်ရောက်လာမည်။ လူတစ်ရာ စေလွှတ်လိုက်သောမြို့သည်ဆယ်ယောက်ကို သာပြန်တွေ့ရမည်။