အာ​မုတ် 5:1-12 Common Language Bible (BCL)

1. အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​ကို သင်္ဂြိုဟ်​ဖို့​ငါ​သီ​ဆို​မည့်​ဤ​အ​သု​ဘ တေး​ကို​နား​ဆင်​ကြ​လော့။

2. အ​ပျို​က​ညာ​ဣသ​ရေ​လ​သည်ဘယ်​ခါ​မျှ​ပြန်​မ​ထ​နိုင်​အောင်​လဲ​ရ ချေ​ပြီ။မြေ​ပေါ်​မှာ​အ​ထီး​ကျန်​စွာ​လဲ​နေ​ရှာ​ပြီ။သူ့​အား​ထူ​မ​ရန်​မည်​သူ​မျှ​မ​ရှိ​ပြီ။

3. အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ဣ​သ​ရေ​လ​မြို့​တစ်​မြို့​မှ​စစ်​သည်​တစ် ထောင်​စစ်​ချီ​ထွက်​သွား​သော်​လည်း၊ တစ်​ရာ သာ​လျှင်​ပြန်​ရောက်​လာ​မည်။ လူ​တစ်​ရာ စေ​လွှတ်​လိုက်​သော​မြို့​သည်​ဆယ်​ယောက်​ကို သာ​ပြန်​တွေ့​ရ​မည်။

4. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​အား​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သို့​ပြု လျှင်​သင်​တို့​သည်​အ​သက်​ချမ်း​သာ​လိမ့်​မည်။-

5. ဗေ​ရ​ရှေ​ဘ​မြို့​သို့​သွား​၍​မ​ကိုး​ကွယ်​လေ နှင့်။ ငါ့​ကို​တွေ့​ရန်​ဗေ​သ​လ​မြို့​၌​လည်း​မ​ရှာ ကြ​နှင့်။ ဗေ​သ​လ​မြို့​သည်​အ​ချည်း​နှီး​ဖြစ် ရ​တော့​မည်။ ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​မ​သွား နှင့်။ ထို​မြို့​သား​တို့​သည်​ပြည်​ပ​သို့​ဖမ်း​သွား ခြင်း​ကို​အ​မှန်​ပင်​ခံ​ရ​လိမ့်​မည်။''

6. ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​သွား​လော့။ သို့​ပြု လျှင်​အ​သက်​ချမ်း​သာ​လိမ့်​မည်။ ထို​သို့​မ ပြု​လျှင်​ကိုယ်​တော်​အ​ရှင်​သည်​မီး​ကဲ့​သို့ ရွာ​သွန်း​လာ​ပြီး ယော​သပ်​အ​မျိုး​အ​နွယ် တို့​ကို​လောင်​ကျွမ်း​လိမ့်​မည်။ ဗေ​သ​လ​မြို့ သား​များ​ကို​လောင်​ကျွမ်း​ကုန်​၍​ထို​မီး ကို​မည်​သူ​က​မျှ​မ​ငြိမ်း​သတ်​နိုင်​ချေ။-

7. လူ​သား​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​မ​တ​ရား ပိတ်​ပင်​၍ တ​ရား​မျှ​တ​မှု​ကို​မှောက်​လှန်​နေ ကြ​သူ​တို့၊ သင်​တို့​သည်​ကြမ္မာ​ဆိုး​နှင့်​မ​လွဲ မ​သွေ​ကြုံ​ရ​တော့​မည်​ဟု​မိန့်​တော်​မူ​၏။

8. ထာ​ဝ​ရ​ဘု​ရား​သည်​ကြယ်​တာ​ရာ အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ခိ​မ​ကြယ်​စု​နှင့်​ခ​သိ​လ​ကြယ်​စု​ကို​လည်း ဖန်​ဆင်း​တော်​မူ​ခဲ့​ပြီ။အ​မှောင်​ကို​အ​လင်း​ဖြစ်​စေ​၍​နေ့​ကို​လည်း ည​အ​ဖြစ်​သို့​ပြောင်း​လဲ​ခဲ့​ပြီ။ပင်​လယ်​ရေ​အ​ပေါင်း​တို့​ကို​ခေါ်​ယူ​ကာ မြေ​ကြီး​ပေါ်​မှာ​သွန်း​တော်​မူ​ခဲ့​ပြီ။ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​မှာ​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

9. ကိုယ်​တော်​သည်​ခွန်​အား​ကြီး​သူ​တို့​နှင့် ခံ​တပ်​များ​ကို​ဖြို​ဖျက်​ခဲ့​ပြီ။

10. ရုံး​တော်​များ​၌​မ​တ​ရား​မှု​ကို​ရှုတ်​ချ​ကာ အ​မှန်​ကို​သာ​ပြော​သူ​တို့​ကို​သင်​တို့​သည် မုန်း​ကြ​၏။-

11. သင်​တို့​သည်​ဆင်း​ရဲ​သား​တို့​ကို​ဖိ​နှိပ်​၍ သူ တို့​၏​ဂျုံ​စ​ပါး​ကို​လု​ယက်​ကြ​ပြီ။ ထို့​ကြောင့် သင်​တို့​ကိုယ်​တိုင်​အ​ဖို့​ဆောက်​လုပ်​ခဲ့​သော တိုက်​တာ​ကောင်း​များ​၌​သင်​တို့​သည်​မ​စံ ရ​ကြ။ ကိုယ်​တိုင်​စိုက်​ပျိုး​ခဲ့​သော​ကြည်​နူး စ​ရာ​စ​ပျစ်​ဥ​ယျာဉ်​များ​မှ​စ​ပျစ်​ရည်​ကို လည်း​မ​သောက်​ရ​ကြ။-

12. သင်​တို့​သည်​မည်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍ သင်​တို့​အ​ပြစ်​သည်​မည်​မျှ​ကြောက်​စ​ရာ ကောင်း​လှ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​သည် သူ​တော်​ကောင်း​များ​ကို​ညှင်း​ပန်း​၍ တံ​စိုး လက်​ဆောင်​စား​နေ​ကြ​ပြီ။ ဆင်း​ရဲ​သား တို့​အား​တ​ရား​သ​ဖြင့် မ​စီ​ရင်​ဘဲ​သူ​တို့ ကို​ရုံး​တော်​များ​မှ​မောင်း​ထုတ်​ခဲ့​ပြီ။-

အာ​မုတ် 5