7. သင်တို့ပျိုးပင်အတွက်မိုးရေအလိုဆုံး သောအချိန်တွင်ငါသည်မိုးခေါင်စေခဲ့၏။ တစ်မြို့ပေါ်၌သာရွာသွန်းစေပြီးကျန်တစ် မြို့ပေါ်သို့မရွာစေရန် တားခဲ့သူမှာငါပင် ဖြစ်၏။ လယ်တစ်ခင်းသည်မိုးကိုရ၍ကျန် တစ်ခင်းမှာမူသွေ့ခြောက်ခဲ့လေပြီ။-
8. ရေငတ်လွန်းသဖြင့်အချို့မြို့မှမြို့သားတို့ သည် အနီးအနားမြို့သို့ပင်ပန်းကြီးစွာနှင့် ရေရှာထွက်ကြသော်လည်း သောက်စရာဘို့ အလုံအလောက်မရခဲ့ကြ။ သို့သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေ ကြလေပြီ။
9. ``ငါသည်လေပူကိုတိုက်ခတ်စေ၍သင်တို့ ၏ကောက်ပင်များနွမ်းခြောက်စေခဲ့၏။ သင်တို့ ၏သဖန်းပင်၊ သံလွင်ပင်၊ စပျစ်ဥယျာဉ်နှင့် ကိုင်းကျွန်းလယ်ယာတို့သည် ကျိုင်းကောင်များ ဒဏ်ကိုခံခဲ့ရပြီ။ သို့သော်လည်းသင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေကြလေပြီ။
10. ``အီဂျစ်ပြည်၌ဖြစ်စေသောကပ်ဆိုးကိုသင် တို့၌လည်းဖြစ်စေခဲ့ပြီ။ သင်တို့လူငယ်များ ကိုစစ်တလင်း၌ငါသတ်ခဲ့ပြီ။ သင်တို့မြင်း များကိုလည်းသိမ်းသွားခဲ့ပြီ။ သင်တို့တပ် စခန်းများကိုသင်တို့ဘက်သား အလောင်း ကောင်များ၏အပုပ်နံ့ဖြင့်နံစော်စေခဲ့ပြီ။ သို့သော်လည်းသင်တို့သည်ငါ့ထံသို့ပြန် မလာသေးဘဲနေကြလေပြီ။
11. ``ငါသည်သောဒုံနှင့်ဂေါမောရမြို့များ ကိုဖြိုဖျက်သကဲ့သို့ သင်တို့လူအချို့ကို လည်းဖျက်ပယ်ခဲ့ပြီ။ ကျန်ကြွင်းသူတို့မှာ လည်းမီးထဲမှပြန်၍ဆယ်ယူလိုက်သည့် ထင်းစသဖွယ်ဖြစ်ခဲ့ရ၏။ သို့သော်လည်း သင်တို့သည်ငါ့ထံသို့ပြန်မလာသေးဘဲ နေကြလေပြီ'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
12. ``သို့ဖြစ်သောကြောင့် အို ဣသရေလပြည်သား တို့၊ ငါသည်သင်တို့ကိုအပြစ်ပေးရတော့ မည်။ ဤသို့အပြစ်ပေးမည့်အတွက်ကြောင့် ဘုရားသခင်စီရင်တော်မူချက်ကိုခံယူ ရန်အသင့်ပြင်ကြလော့။''
13. တောင်များကိုတည်၍လေအဟုန်တို့ကိုဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။