အာ​မုတ် 3:13-15 Common Language Bible (BCL)

13. ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား က​ငါ​ပြော​သော​စ​ကား​ကို ယ​ခု​ပင်​နာ​ယူ ပြီး​ယာ​ကုပ်​မျိုး​နွယ်​တို့​အား​သ​တိ​ပေး ဆင့်​ဆို​လော့။-

14. ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​ပေး​သော​နေ့​၌ ဗေ​သ​လ​ယဇ်​ပလ္လင်​တို့ ကို​ဖျက်​ဆီး​လိုက်​မည်။ ယဇ်​ပလ္လင်​တိုင်း​၏​ထောင့် များ​၌​ရှိ​သော​ဦး​ချို​တို့​ကို​ခုတ်​လှဲ​၍​မြေ ပေါ်​သို့​ကျ​သွား​စေ​မည်။-

15. ငါ​သည်​သူ​တို့​ဇိမ်​ခံ​ရာ​နွေ​ရာ​သီ​ဂေ​ဟာ​နှင့် ဆောင်း​ရာ​သီ​အိမ်​တော်​များ​ကို​ဖျက်​ပစ်​မည်။ ဆင်​စွယ်​ဖြင့်​မွန်း​မံ​သော​အိမ်​ရာ​များ​ပြို​လဲ ကြ​၍ မ​ဟာ​ဂေ​ဟာ​မှန်​သ​မျှ​ပျက်​စီး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

အာ​မုတ် 3