1. အို ဣသရေလပြည်သားတို့၊ သင်တို့တစ်မျိုး လုံးကိုအီဂျစ်ပြည်မှနုတ်ဆောင်ခဲ့သော ထာဝရဘုရားက သင်တို့နှင့်ပတ်သက်၍ မိန့်ဆိုသောဤစကားကိုနားထောင်လော့။-
2. ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
3. လူနှစ်ဦးသည်တွေ့ဆုံရန်မချိန်းဆိုဘဲ အတူခရီးပြုနိုင်မည်လော။