14. လျင်မြန်စွာပြေးနိုင်သူများပင်လျှင်လွတ် မြောက်လိမ့်မည်မဟုတ်။ သန်စွမ်းသောသူများ သည်လည်းအားအင်ကုန်ခန်း၍စစ်သူရဲတို့ သည်လည်းမိမိတို့၏အသက်ကိုကယ်နိုင် လိမ့်မည်မဟုတ်။-
15. လေးကိုကိုင်စွဲထားသောသူများသည်လည်း ရပ်တည်ခြင်းငှာမတတ်နိုင်ကြ။ လျင်မြန်စွာ ပြေးနိုင်သူများသည်လည်းလွတ်လိမ့်မည် မဟုတ်၊ မြင်းပေါ်မှလူများသည်လည်းမိမိ တို့အသက်ဘေးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်။-
16. ထိုနေ့တွင်ရဲစွမ်းသတ္တိအရှိဆုံးစစ်သူရဲ များပင်လျှင် မိမိ၏လက်နက်များကိုစွန့် လျက်ထွက်ပြေးကြလိမ့်မည်'' ဟုထာဝရ ဘုရားမိန့်တော်မူ၏။