1. ထာဝရဘုရားက``မောဘပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ဧဒုံမင်း၏ အရိုးစုကိုပြာချလိုက်ခြင်းဖြင့် ဧဒုံ မင်းကိုမလေးမစားပြုခဲ့ကြပြီ။-
2. ငါသည်မောဘပြည်အပေါ်သို့မီးမိုးရွာ စေပြီးကေရုတ်မြို့၏ရဲတိုက်များကိုပြာ ချလိုက်မည်။ စစ်သည်တို့၏အော်သံဟစ် သံ၊ ခရာသံနှင့်တိုက်ပွဲသံများဆူဆူ ညံညံပြင်းထန်နေသောအချိန်မှာပင် မောဘပြည်သားများသေဆုံးလိမ့်မည်။-
3. ငါသည်မောဘမင်းကိုသတ်မည်။ မောဘ နိုင်ငံရှိခေါင်းဆောင်အားလုံးကိုကွပ်မျက် မည်'' ဟုမိန့်တော်မူ၏။
4. ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။-
5. ထို့ကြောင့်ငါသည်ယုဒပြည်ပေါ်သို့မီးမိုး ရွာစေပြီးယေရုရှလင်မြို့၏ရဲတိုက်များ ကိုပြာချလိုက်မည်ဟုမိန့်တော်မူ၏။
6. ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။-
7. သူတို့သည်အားနွဲ့သူနှင့်ခိုကိုးရာမဲ့ သူများကိုနင်းချေပြီးဆင်းရဲသားတို့ ကိုတွန်းထုတ်ဖယ်ရှားကြပြီ။ အဘနှင့် သားသည်ကျွန်မိန်းကလေးတစ်ယောက် တည်းနှင့်ဆက်ဆံလျက်ငါ၏သန့်ရှင်း ရာနာမတော်ကိုအသရေပျက်စေပြီ။-
8. ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။
9. ``ထိုသို့နှင့်ပင်ငါ၏လူမျိုးအပေါင်းတို့၊ ငါသည်သင်တို့အတွက်အာရဇ်ပင်တမျှ မြင့်မား၍သပိတ်ပင်အလား သန်မာလှ သည့်အာမောရိလူမျိုးကိုအပြီးအပိုင် တိုက်ဖျက်ခဲ့ပြီ။-
10. ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ် ဆောင်လာခဲ့၏။ တောကန္တာရအတွင်း၌ အနှစ်လေးဆယ်ပတ်လုံးပို့ဆောင်ခဲ့ပြီး အာမောရိလူမျိုးတို့၏မြေယာများ ကိုသင်တို့ပိုင်ဆိုင်ရန်ပေးအပ်ခဲ့ပြီ။-
11. ငါသည်သင်တို့၏သားအချို့ကိုပရော ဖက်အဖြစ်နှင့်လည်းကောင်း၊ သင်တို့၏ လူငယ်အချို့ကိုနာဇရိလူအဖြစ်နှင့် လည်းကောင်းရွေးကောက်ခဲ့ပြီ။ အို ဣသရေလ အမျိုးသားတို့၊ ဤအချက်သည်အမှန် ပင်ဖြစ်သည်မဟုတ်လော။ ဤသည်ကား ငါထာဝရဘုရားမိန့်တော်မူ၏။-