7. အကျိုးသင့်အကြောင်းသင့်ကိုမျှမသိမီ % သူတစ်ပါးတို့ကိုတိုက်ခိုက်အောင်မြင်ခဲ့သော% သင်တို့သည်အကြွေးတင်နေလျက်အတိုး% ကိုပေးဆပ်ရန်အတင်းအကြပ်စေခိုင်းခံရ% မည်။ ရန်သူတို့သည်လာ၍သင်တို့အားတုန်% လှုပ်ချောက်ချားစေလိမ့်မည်။ သင်တို့ကိုတိုက်% ခိုက်လုယက်ကြလိမ့်မည်။-%
8. သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့% ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက်% မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့% ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း% ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ% ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့% အားတိုက်ခိုက်လုယက်ကြလိမ့်မည်။ %
9. သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း% ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည်% မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ% ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို% အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့% အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင်% ပြုခဲ့ကြပြီ။-%
10. သို့ရာတွင်သင်တို့၏စီမံကိန်းများကပင်% လျှင် သင်တို့လူမျိုးကိုအရှက်ရစေလေပြီ။ % သင်တို့သည်လူမျိုးတကာတို့ကိုသုတ်သင်% ဖျက်ဆီးခြင်းအားဖြင့် မိမိတို့ကိုယ်တိုင်ယို% ယွင်းပျက်စီးရလေပြီ။-%
11. အိမ်နံရံကျောက်များကပင်လျှင်သင်တို့ကို% အော်ဟစ်စွပ်စွဲလျက် ခေါင်ရှိဒိုင်းများကပဲ့% တင်သံပေးကြလေကုန်ပြီ။ %