ဟ​ဗက္ကုတ် 2:3-16 Common Language Bible (BCL)

3. ထို​အ​မှု​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​မည့်​အ​ချိန်​မ​ရောက်​သေး။ သို့​ရာ​တွင်​ငါ​ပြ​သော​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​သော​အ​ချိန်​သည်​လျင်​မြန်​စွာ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​အ​လာ​နှေး​သည်​ဟု​ထင်​မှတ်​ရ​သော်​လည်း ဧ​ကန်​မု​ချ​ရောက်​လာ​မည်​သာ​ဖြစ်​၍​စောင့်​မျှော်​၍​နေ​လော့။ ကြန့်​ကြာ​တော့​မည်​မ​ဟုတ်။-

4. ဗျာ​ဒိတ်​တော်​ကား`သူ​ယုတ်​မာ​တို့​သည်​အ​သက်​မ​ရှင်​နိုင်​ကြ။ သူ​တော်​ကောင်း​တို့​မူ​ကား​ဘု​ရား​သ​ခင်​ကို​သစ္စာ​စောင့်​သော​ကြောင့်​အသက်​ရှင်​ရ​ကြ​လိမ့်​မည်' ဟူ​၍​လာ​သ​တည်း။''

5. ကြွယ်​ဝ​ချမ်း​သာ​ခြင်း​သည်​လှည့်​စား​တတ်​၏။ % လော​ဘ​ရ​မက်​ကြီး​သူ​တို့​သည် မာန်​မာ​န​% ထောင်​လွှား​လျက်​စိတ်​တည်​ငြိမ်​မှု​မ​ရှိ။ သူ​တို့​% သည်​သေ​မင်း​ကဲ့​သို့​အ​ဘယ်​အ​ခါ​၌​မျှ​% ကျေ​နပ်​ရောင့်​ရဲ​မှု​မ​ရှိ။ ထို့​ကြောင့်​သူ​တို့​% သည်​တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ​တိုက်​ခိုက်​% သိမ်း​ယူ​တတ်​လေ​သည်။-%

6. စစ်​ရှုံး​သူ​တို့​သည်​စစ်​နိုင်​သူ​တို့​အား​မ​ခံ​ချိ​% မ​ခံ​သာ​ပြော​ဆို​လျက်​မ​ထီ​လေး​စား​ပြု​ကြ​% လိမ့်​မည်။ သူ​တို့​က``မိ​မိ​တို့​မ​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​% ကို​သိမ်း​ယူ​ကြ​သူ​သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​% ကြ​၏။ သင်​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မိ​မိ​% တို့​၏​ကြွေး​မြီ​စား​များ​ကို​လိမ်​လည်​လှည့်​စား​% ၍​သင်​တို့​ကိုယ်​ကို​ချမ်း​သာ​ကြွယ်​ဝ​အောင်​ပြု​% နေ​ကြ​ပါ​ဦး​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။ %

7. အ​ကျိုး​သင့်​အ​ကြောင်း​သင့်​ကို​မျှ​မ​သိ​မီ % သူ​တစ်​ပါး​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​ခဲ့​သော​% သင်​တို့​သည်​အ​ကြွေး​တင်​နေ​လျက်​အ​တိုး​% ကို​ပေး​ဆပ်​ရန်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​ခံ​ရ​% မည်။ ရန်​သူ​တို့​သည်​လာ​၍​သင်​တို့​အား​တုန်​% လှုပ်​ချောက်​ချား​စေ​လိမ့်​မည်။ သင်​တို့​ကို​တိုက်​% ခိုက်​လု​ယက်​ကြ​လိမ့်​မည်။-%

8. သင်​တို့​သည်​နိုင်​ငံ​အ​မြောက်​အ​မြား​မှ​လူ​တို့​% ကို​တိုက်​ခိုက်​လု​ယက်​ခဲ့​လေ​ပြီ။ ယ​ခု​အ​သက်​% မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့​သည် သင်​တို့​% ကူး​လွန်​ခဲ့​သည့်​လူ​သတ်​မှု​များ​ကြောင့်​လည်း​% ကောင်း၊ ကမ္ဘာ​ပေါ်​ရှိ​လူ​များ၊ မြို့​များ​အား​အ​% ကြမ်း​ဖက်​ခဲ့​မှု​တို့​ကြောင့်​လည်း​ကောင်း သင်​တို့​% အား​တိုက်​ခိုက်​လု​ယက်​ကြ​လိမ့်​မည်။ %

9. သင်​တို့​သည်​အ​မ​င်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြမ်း​% ဖက်​၍​ရ​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​ဖြင့် သင်​တို့​သည်​% မိ​မိ​တို့​မိ​သား​စု​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​% ခဲ့​ကြ​၏။ ကြိုး​စား​၍​မိ​မိ​တို့​အ​သိုက်​ကို​% အ​မြင့်​တွင်​ဆောက်​သော​ငှက်​ကဲ့​သို့ မိ​မိ​တို့​% အိမ်​ကို​ဘေး​အန္တ​ရာယ်​ကင်း​ဝေး​လုံ​ခြုံ​အောင်​% ပြု​ခဲ့​ကြ​ပြီ။-%

10. သို့​ရာ​တွင်​သင်​တို့​၏​စီ​မံ​ကိန်း​များ​က​ပင်​% လျှင် သင်​တို့​လူ​မျိုး​ကို​အ​ရှက်​ရ​စေ​လေ​ပြီ။ % သင်​တို့​သည်​လူ​မျိုး​တ​ကာ​တို့​ကို​သုတ်​သင်​% ဖျက်​ဆီး​ခြင်း​အား​ဖြင့် မိ​မိ​တို့​ကိုယ်​တိုင်​ယို​% ယွင်း​ပျက်​စီး​ရ​လေ​ပြီ။-%

11. အိမ်​နံ​ရံ​ကျောက်​များ​က​ပင်​လျှင်​သင်​တို့​ကို​% အော်​ဟစ်​စွပ်​စွဲ​လျက် ခေါင်​ရှိ​ဒိုင်း​များ​က​ပဲ့​% တင်​သံ​ပေး​ကြ​လေ​ကုန်​ပြီ။ %

12. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% ရာ​ဇ​ဝတ်​မှု​အ​ပေါ်​တွင် အုတ်​မြစ်​ချ​၍​လူ​% သတ်​မှု​ဖြင့်​မြို့​ကို​တည်​ထောင်​ခဲ့​ကြ​၏။-%

13. သင်​တို့​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး​တို့​သည်​% အ​ချည်း​နှီး​အ​လုပ်​ကြမ်း​ကို​လုပ်​လျက်​ပင်​ပန်း​% နွမ်း​နယ်​ရ​ကြ​ပေ​သည်။ သူ​တို့​တည်​ဆောက်​ခဲ့​% သ​မျှ​သော​အ​ဆောက်​အ​ဦ​တို့​သည်​မီး​လောင်​% ကျွမ်း​၍​သွား​လေ​ပြီ။ ဤ​အ​မှု​ကား​အ​နန္တ​% တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​% အမှု​ဖြစ်​၏။-%

14. ပင်​လယ်​တို့​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​% သို့ ကမ္ဘာ​မြေ​ကြီး​သည်​လည်း ဘု​ရား​သ​ခင်​၏​% ဘုန်း​အ​သ​ရေ​တော်​ကို​သိ​ကျွမ်း​မှု​ဖြင့်​ပြည့်​% လျက်​နေ​လိမ့်​မည်။

15. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​တို့​အိမ်​နီး​ချင်း​တိုင်း​% ပြည်​များ​ကို​ရှုတ်​ချ​၍​အ​သ​ရေ​ဖျက်​ခဲ့​၏။ % သူ​တို့​အား​သေ​သောက်​ကြူး​များ​သ​ဖွယ်​ယိမ်း​% ထိုး​၍​နေ​စေ​ခဲ့​၏။-%

16. သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​မှု​အ​စား၊ အ​ရှက်​% ရ​ရန်​အ​လှည့်​ကြုံ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင်​% မူး​ယစ်​ကာ​အ​ရှက်​မဲ့​၍​နေ​လိမ့်​မည်။ ထာ​ဝ​ရ​% ဘု​ရား​သည်​သင်​တို့​အား အ​ပြစ်​ဒဏ်​စ​ပျစ်​% ရည်​ကို​ပင်​လျှင် ပြန်​၍​သောက်​စေ​တော်​မူ​လျက် % သင်​တို့​ဂုဏ်​အ​သ​ရေ​ရှိ​မှု​ကို​အ​ရှက်​ရ​မှု​% အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။-%

ဟ​ဗက္ကုတ် 2