ဟ​ဗက္ကုတ် 2:12-20 Common Language Bible (BCL)

12. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% ရာ​ဇ​ဝတ်​မှု​အ​ပေါ်​တွင် အုတ်​မြစ်​ချ​၍​လူ​% သတ်​မှု​ဖြင့်​မြို့​ကို​တည်​ထောင်​ခဲ့​ကြ​၏။-%

13. သင်​တို့​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး​တို့​သည်​% အ​ချည်း​နှီး​အ​လုပ်​ကြမ်း​ကို​လုပ်​လျက်​ပင်​ပန်း​% နွမ်း​နယ်​ရ​ကြ​ပေ​သည်။ သူ​တို့​တည်​ဆောက်​ခဲ့​% သ​မျှ​သော​အ​ဆောက်​အ​ဦ​တို့​သည်​မီး​လောင်​% ကျွမ်း​၍​သွား​လေ​ပြီ။ ဤ​အ​မှု​ကား​အ​နန္တ​% တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​% အမှု​ဖြစ်​၏။-%

14. ပင်​လယ်​တို့​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​% သို့ ကမ္ဘာ​မြေ​ကြီး​သည်​လည်း ဘု​ရား​သ​ခင်​၏​% ဘုန်း​အ​သ​ရေ​တော်​ကို​သိ​ကျွမ်း​မှု​ဖြင့်​ပြည့်​% လျက်​နေ​လိမ့်​မည်။

15. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​တို့​အိမ်​နီး​ချင်း​တိုင်း​% ပြည်​များ​ကို​ရှုတ်​ချ​၍​အ​သ​ရေ​ဖျက်​ခဲ့​၏။ % သူ​တို့​အား​သေ​သောက်​ကြူး​များ​သ​ဖွယ်​ယိမ်း​% ထိုး​၍​နေ​စေ​ခဲ့​၏။-%

16. သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​မှု​အ​စား၊ အ​ရှက်​% ရ​ရန်​အ​လှည့်​ကြုံ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင်​% မူး​ယစ်​ကာ​အ​ရှက်​မဲ့​၍​နေ​လိမ့်​မည်။ ထာ​ဝ​ရ​% ဘု​ရား​သည်​သင်​တို့​အား အ​ပြစ်​ဒဏ်​စ​ပျစ်​% ရည်​ကို​ပင်​လျှင် ပြန်​၍​သောက်​စေ​တော်​မူ​လျက် % သင်​တို့​ဂုဏ်​အ​သ​ရေ​ရှိ​မှု​ကို​အ​ရှက်​ရ​မှု​% အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။-%

17. သင်​တို့​သည်​လေ​ဗ​နုန်​သစ်​တော​များ​ကို​ခုတ်​% လှဲ​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​သင်​တို့​ကိုယ်​တိုင်​% ပင်​ခုတ်​လှဲ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သင်​% တို့​သည်​ထို​တော​မှ​တိ​ရစ္ဆာန်​များ​ကို​သတ်​% ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​တိ​ရစ္ဆာန်​များ​% သည်​သင်​တို့​အား​ကြောက်​လန့်​တုန်​လှုပ်​စေ​% ကြ​လိမ့်​မည်။ သင်​တို့​ကူး​လွန်​ခဲ့​သည့်​လူ​% သတ်​မှု​များ​ကြောင့်​သော်​လည်း​ကောင်း၊ ကမ္ဘာ​% ပေါ်​ရှိ​လူ​များ​မြို့​များ​ကို​အ​ကြမ်း​ဖက်​% ခဲ့​မှု​များ​ကြောင့်​လည်း​ကောင်း ဤ​အ​မှု​% အ​ရာ​များ​ဖြစ်​ပျက်​လာ​လိမ့်​မည်။ %

18. ရုပ်​တု​ဆင်း​တု​သည်​အ​ဘယ်​သို့​အ​သုံး​ဝင်​% ပါ​သ​နည်း။ ယင်း​သည်​လူ​တို့​သွန်း​လုပ်​သည့်​% အ​ရာ​မျှ​သာ​ဖြစ်​လျက် လိမ်​လည်​မှု​မှ​လွဲ​% ၍​မည်​သည့်​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​တတ်။ % မိ​မိ​သွန်း​လုပ်​သော​အ​ရာ​ကို​ပြန်​လည်​ယုံ​% ကြည်​ကိုး​စား​၍​အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​% ရ​မည်​နည်း။ ယင်း​သည်​စ​ကား​မ​ပြော​နိုင်​% သည့်​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား၊-%

19. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သစ်​သား​% တုံး​အား``နိုး​တော်​မူ​ပါ'' ဟူ​၍​လည်း​ကောင်း၊ % ကျောက်​တုံး​အား``ထ​တော်​မူ​ပါ'' ဟူ​၍​လည်း​% ကောင်း​သင်​တို့​ဆို​တတ်​ကြ​၏။ ရုပ်​တု​တစ်​ခု​% သည်​သင်​တို့​အား​အ​ဘယ်​အ​မှု​ကို​ရှင်း​လင်း​% ဖော်​ပြ​နိုင်​ပါ​သ​နည်း။ ရွှေ​ငွေ​များ​ဖြင့်​မွမ်း​% မံ​ထား​ကောင်း​ထား​မည်​ဖြစ်​သော်​လည်း % ထို​ရုပ်​တု​တွင်​အ​သက်​ကား​မ​ရှိ။ %

20. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​% မြတ်​သည့်​ဗိ​မာန်​တော်​တွင်​ရှိ​တော်​မူ​၏။ ကမ္ဘာ​% မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ရှေ့​တော်​၌​% ငြိမ်​သက်​စွာ​နေ​ကြ​စေ။

ဟ​ဗက္ကုတ် 2