ဟ​ဗက္ကုတ် 2:1-8 Common Language Bible (BCL)

1. ငါ​သည်​လင့်​စင်​ပေါ်​သို့​တက်​၍​မြေ​က​တုတ်​ပေါ်​မှ​စောင့်​လျက် ထာ​ဝ​ရ​ဘု​ရား​ငါ​ပြော​ရ​မည့်​စ​ကား​များ​ကို​အ​ဘယ်​သို့​မိန့်​တော်​မူ​% မည်၊ ငါ​၏​တိုင်​တန်း​ချက်​ကို​အ​ဘယ်​သို့​ဖြေ​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​၍​နေ​မည်။

2. ထာ​ဝ​ရ​ဘု​ရား​သည်``သင့်​အား​ငါ​ဖွင့်​လှစ်​ဖော်​ပြ​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​အ​လွယ်​တ​ကူ​ဖတ်​ရှု​နိုင်​ရန် သင်​ပုန်း​ပေါ်တွင်​ရေး​မှတ်​လော့။ ထင်​ရှား​ပြတ်​သား​စွာ​ရေး​မှတ်​လော့။-

3. ထို​အ​မှု​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​မည့်​အ​ချိန်​မ​ရောက်​သေး။ သို့​ရာ​တွင်​ငါ​ပြ​သော​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​သော​အ​ချိန်​သည်​လျင်​မြန်​စွာ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​အ​လာ​နှေး​သည်​ဟု​ထင်​မှတ်​ရ​သော်​လည်း ဧ​ကန်​မု​ချ​ရောက်​လာ​မည်​သာ​ဖြစ်​၍​စောင့်​မျှော်​၍​နေ​လော့။ ကြန့်​ကြာ​တော့​မည်​မ​ဟုတ်။-

4. ဗျာ​ဒိတ်​တော်​ကား`သူ​ယုတ်​မာ​တို့​သည်​အ​သက်​မ​ရှင်​နိုင်​ကြ။ သူ​တော်​ကောင်း​တို့​မူ​ကား​ဘု​ရား​သ​ခင်​ကို​သစ္စာ​စောင့်​သော​ကြောင့်​အသက်​ရှင်​ရ​ကြ​လိမ့်​မည်' ဟူ​၍​လာ​သ​တည်း။''

5. ကြွယ်​ဝ​ချမ်း​သာ​ခြင်း​သည်​လှည့်​စား​တတ်​၏။ % လော​ဘ​ရ​မက်​ကြီး​သူ​တို့​သည် မာန်​မာ​န​% ထောင်​လွှား​လျက်​စိတ်​တည်​ငြိမ်​မှု​မ​ရှိ။ သူ​တို့​% သည်​သေ​မင်း​ကဲ့​သို့​အ​ဘယ်​အ​ခါ​၌​မျှ​% ကျေ​နပ်​ရောင့်​ရဲ​မှု​မ​ရှိ။ ထို့​ကြောင့်​သူ​တို့​% သည်​တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ​တိုက်​ခိုက်​% သိမ်း​ယူ​တတ်​လေ​သည်။-%

6. စစ်​ရှုံး​သူ​တို့​သည်​စစ်​နိုင်​သူ​တို့​အား​မ​ခံ​ချိ​% မ​ခံ​သာ​ပြော​ဆို​လျက်​မ​ထီ​လေး​စား​ပြု​ကြ​% လိမ့်​မည်။ သူ​တို့​က``မိ​မိ​တို့​မ​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​% ကို​သိမ်း​ယူ​ကြ​သူ​သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​% ကြ​၏။ သင်​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မိ​မိ​% တို့​၏​ကြွေး​မြီ​စား​များ​ကို​လိမ်​လည်​လှည့်​စား​% ၍​သင်​တို့​ကိုယ်​ကို​ချမ်း​သာ​ကြွယ်​ဝ​အောင်​ပြု​% နေ​ကြ​ပါ​ဦး​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။ %

7. အ​ကျိုး​သင့်​အ​ကြောင်း​သင့်​ကို​မျှ​မ​သိ​မီ % သူ​တစ်​ပါး​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​ခဲ့​သော​% သင်​တို့​သည်​အ​ကြွေး​တင်​နေ​လျက်​အ​တိုး​% ကို​ပေး​ဆပ်​ရန်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​ခံ​ရ​% မည်။ ရန်​သူ​တို့​သည်​လာ​၍​သင်​တို့​အား​တုန်​% လှုပ်​ချောက်​ချား​စေ​လိမ့်​မည်။ သင်​တို့​ကို​တိုက်​% ခိုက်​လု​ယက်​ကြ​လိမ့်​မည်။-%

8. သင်​တို့​သည်​နိုင်​ငံ​အ​မြောက်​အ​မြား​မှ​လူ​တို့​% ကို​တိုက်​ခိုက်​လု​ယက်​ခဲ့​လေ​ပြီ။ ယ​ခု​အ​သက်​% မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့​သည် သင်​တို့​% ကူး​လွန်​ခဲ့​သည့်​လူ​သတ်​မှု​များ​ကြောင့်​လည်း​% ကောင်း၊ ကမ္ဘာ​ပေါ်​ရှိ​လူ​များ၊ မြို့​များ​အား​အ​% ကြမ်း​ဖက်​ခဲ့​မှု​တို့​ကြောင့်​လည်း​ကောင်း သင်​တို့​% အား​တိုက်​ခိုက်​လု​ယက်​ကြ​လိမ့်​မည်။ %

ဟ​ဗက္ကုတ် 2