9. ဗိမာန်တော်သစ်သည်ဗိမာန်တော်ဟောင်း ထက်ပို၍တင့်တယ်လှပလိမ့်မည်။ ထိုအရပ် တွင်ငါသည်မိမိ၏လူမျိုးတော်အား ကောင်းစားစေ၍ ငြိမ်းချမ်းသာယာမှုကို ပေးမည်'' ဟုအနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ဤကားအနန္တ တန်ခိုးရှင်ထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
13. ထိုအခါဟ္ဂဲကလူတစ်ဦးတစ်ယောက် သည် လူသေကောင်နှင့်ထိမိသဖြင့်ညစ်ညမ်း ၍သွားသည်ဆိုငြားအံ့။ ထို့နောက်အကယ် ၍သူသည်အထက်ဖော်ပြပါအစားအစာ များကိုထိမိခဲ့သော် ထိုအရာတို့သည် လည်းညစ်ညမ်း၍သွားပါမည်လောဟု မေးလျှင်၊ယဇ်ပုရောဟိတ်တို့က``ထိုအရာတို့သည် ညစ်ညမ်း၍သွားပါမည်'' ဟုဆိုကြ၏။
14. ထိုအခါဟ္ဂဲကထိုနည်းတူစွာဤတိုင်း ပြည်သားများတို့နှင့် သူတို့လုပ်ဆောင် သမျှသောအမှုအရာတို့သည်ညစ်ညမ်း သဖြင့် ယဇ်ပလ္လင်ပေါ်တွင်သူတို့တင်လှူသည့် ပူဇော်သကာမှန်သမျှသည်လည်း ညစ်ညမ်း ကြောင်းထာဝရဘုရားမိန့်တော်မူပါ ၏'' ဟုဆိုလေသည်။
15. ထာဝရဘုရားကသင်တို့သည်မိမိတို့ ကြုံတွေ့ရသည့်အဖြစ်အပျက်ကိုမသိ မမြင်ကြပါသလော။ ဗိမာန်တော်ကိုပြန် လည်မတည်မဆောက်မီအခါက၊-
16. သင်တို့သည်ဂျုံစပါးတင်းနှစ်ဆယ်ရှိမည် ဟုခန့်မှန်းရသည့်စပါးပုံသို့သွားရောက် သောအခါ ဆယ်တင်းသာတွေ့ရကြသည် မဟုတ်ပါလော၊ စပျစ်ရည်အချိန်ငါးဆယ် ရရှိလိမ့်မည်ဟုဆိုကာ၊ စပျစ်ရည်စည် ကြီးသို့သွားသောအခါအချိန်နှစ်ဆယ် သာတွေ့ရှိရသည်မဟုတ်ပါလော။-
17. ငါသည်သင်တို့ကြိုးစား၍စိုက်ပျိုးသမျှ သော သီးနှံပင်များကိုလေပူအားဖြင့်လည်း ကောင်း၊ ပိုးထိ၍နွမ်းရိစေခြင်းဖြင့်လည်း ကောင်း၊ မိုးသီးများအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်ခဲ့၏။ သို့နှင့်လည်းသင်တို့ သည်နောင်တမရကြ။-