ဟ္ဂဲ 2:3-17 Common Language Bible (BCL)

3. ``ယ​ခင်​အ​ခါ​က​ဗိ​မာန်​တော်​သည်​အ​ဘယ်​မျှ တင့်​တယ်​လှ​ပ​တော်​မူ​ခဲ့​ကြောင်း​ကို မှတ်​မိ​သူ တစ်​စုံ​တစ်​ယောက်​သင်​တို့​တွင်​ရှိ​ပါ​သ​လော။ ယ​ခု​အ​ခါ​ဤ​ဗိ​မာန်​တော်​ကို​သင်​တို့​အ​ဘယ် သို့​တွေ့​မြင်​ကြ​ရ​ပါ​သ​နည်း၊ ယင်း​သည် ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​၍​နေ​ပေ​မည်။-''

4. သို့​ရာ​တွင် အို ပြည်​သူ​အ​ပေါင်း​တို့၊ စိတ်​အား မ​ငယ်​ကြ​နှင့်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ သည်​ဖြစ်​၍​မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့် အ​မှု​ကို​သာ​သင်​တို့​လုပ်​ဆောင်​ကြ​လော့''ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-

5. အီ​ဂျစ်​ပြည်​မှ​သင်​တို့​ပြန်​လာ​ကြ​စဉ် အ​ခါ​က ငါ​သည်​သင်​တို့​နှင့်​အ​စဉ်​အ​တူ ရှိ​မည်​ဟု​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း ယ​ခု တိုင်​အောင်​ပင်​သင်​တို့​နှင့်​ငါ​အ​တူ​ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။''

6. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မ​ကြာ​မီ​ပင်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​လည်း​ကောင်း၊ ကုန်း​နှင့်​ပင်​လယ် ကို​လည်း​ကောင်း​တုန်​လှုပ်​စေ​၍၊-

7. လူ​မျိုး​တ​ကာ​တို့​အား​ဖြို​ခွင်း​ပစ်​မည်။ ထို သူ​တို့​၏​ရွှေ​ငွေ​ဘဏ္ဍာ​များ​ကို ဤ​အ​ရပ်​သို့ လူ​တို့​အား​ယူ​ဆောင်​လာ​စေ​မည်။ ဗိ​မာန် တော်​သည်​လည်း​ရွှေ​ငွေ​ဘဏ္ဍာ​များ​ဖြင့် ပြည့်​နှက်​လျက်​နေ​လိမ့်​မည်​ဟု အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

8. ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​ရွှေ​ငွေ​တို့​ကို ငါ​ပိုင်​၏​ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-

9. ဗိ​မာန်​တော်​သစ်​သည်​ဗိ​မာန်​တော်​ဟောင်း ထက်​ပို​၍​တင့်​တယ်​လှ​ပ​လိမ့်​မည်။ ထို​အ​ရပ် တွင်​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​စား​စေ​၍ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​၏။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

13. ထို​အ​ခါ​ဟ္ဂဲ​က​လူ​တစ်​ဦး​တစ်​ယောက် သည် လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​ညစ်​ညမ်း ၍​သွား​သည်​ဆို​ငြား​အံ့။ ထို့​နောက်​အ​ကယ် ၍​သူ​သည်​အ​ထက်​ဖော်​ပြ​ပါ​အ​စား​အ​စာ များ​ကို​ထိ​မိ​ခဲ့​သော် ထို​အ​ရာ​တို့​သည် လည်း​ညစ်​ညမ်း​၍​သွား​ပါ​မည်​လော​ဟု မေး​လျှင်၊ယဇ်​ပု​ရော​ဟိတ်​တို့​က``ထို​အ​ရာ​တို့​သည် ညစ်​ညမ်း​၍​သွား​ပါ​မည်'' ဟု​ဆို​ကြ​၏။

14. ထို​အ​ခါ​ဟ္ဂဲ​က​ထို​နည်း​တူ​စွာ​ဤ​တိုင်း ပြည်​သား​များ​တို့​နှင့် သူ​တို့​လုပ်​ဆောင် သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ညစ်​ညမ်း သ​ဖြင့် ယဇ်​ပလ္လင်​ပေါ်​တွင်​သူ​တို့​တင်​လှူ​သည့် ပူ​ဇော်​သကာ​မှန်​သ​မျှ​သည်​လည်း ညစ်​ညမ်း ကြောင်း​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ ၏'' ဟု​ဆို​လေ​သည်။

15. ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​သည်​မိ​မိ​တို့ ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မ​သိ မ​မြင်​ကြ​ပါ​သ​လော။ ဗိ​မာန်​တော်​ကို​ပြန် လည်​မ​တည်​မ​ဆောက်​မီ​အ​ခါ​က၊-

16. သင်​တို့​သည်​ဂျုံ​စ​ပါး​တင်း​နှစ်​ဆယ်​ရှိ​မည် ဟု​ခန့်​မှန်း​ရ​သည့်​စ​ပါး​ပုံ​သို့​သွား​ရောက် သော​အ​ခါ ဆယ်​တင်း​သာ​တွေ့​ရ​ကြ​သည် မ​ဟုတ်​ပါ​လော၊ စပျစ်​ရည်​အ​ချိန်​ငါး​ဆယ် ရ​ရှိ​လိမ့်​မည်​ဟု​ဆို​ကာ၊ စ​ပျစ်​ရည်​စည် ကြီး​သို့​သွား​သော​အ​ခါ​အ​ချိန်​နှစ်​ဆယ် သာ​တွေ့​ရှိ​ရ​သည်​မ​ဟုတ်​ပါ​လော။-

17. ငါ​သည်​သင်​တို့​ကြိုး​စား​၍​စိုက်​ပျိုး​သ​မျှ သော သီး​နှံ​ပင်​များ​ကို​လေ​ပူ​အား​ဖြင့်​လည်း ကောင်း၊ ပိုး​ထိ​၍​နွမ်း​ရိ​စေ​ခြင်း​ဖြင့်​လည်း ကောင်း၊ မိုး​သီး​များ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ခဲ့​၏။ သို့​နှင့်​လည်း​သင်​တို့ သည်​နောင်​တ​မ​ရ​ကြ။-

ဟ္ဂဲ 2